Bravo, My Life

Bravo, My Life

Apr. 11, 2022
Your rating: 0
6 1 vote

Seasons and episodes

1Season 1 Apr. 11, 2022

Creator

Creator

Cast

Synopsis

Eurachacha My Life / 으라차차 내 인생 (2022)

မိသားစုဇာတ်လမ်းရှည်များကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Eurachacha My Life ဆိုတဲ့ ဇာတ်လမ်းရှည်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မိသားစုကားတို့မည်သည် ဇာတ်အိမ်ကောင်းကောင်းနဲ့ ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနေကြဖြစ်တာကြောင့် ဒီတစ်ခါမှာရော ပရိသတ်ရင်ထဲရောက်အောင် ဘယ်လိုဆွဲခေါ်သွားမှာလဲ…
ဇာတ်လမ်းလေးကတော့…
Seo Dong Hee ဟာ ဒီဇိုင်နာဆိုတဲ့ အိပ်မက်ပန်းတိုင်ဆီ ဖြည်းဖြည်းချင်းလျှောက်လှမ်းနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ မိသားစုကနွမ်းပါးရှာပေမယ့် ဘဝကိုအရှူံးမပေးဘဲ အရာရာကိုအကောင်းမြင်တတ်တဲ့သူလေးပါ။
Kang Cha Yeol ကတော့ ဖခင်ရဲ့ လုပ်ငန်းမှာ အလုပ်ဝင်လုပ်ဖို့ ခါးခါးသီးသီး ငြင်းဆန်နေတဲ့ကောင်လေးတစ်ယောက်ပါ။ သို့ပေမယ့်လည်း ဖခင်ရဲ့ငွေကြေးထောက်ပံ့မှုတွေမရှိဘဲ ရပ်တည်ဖို့မဖြစ်နိုင်တာကို သိသွားတဲ့အခါမှာတော့ ဖခင်ရဲ့တွန်းအားပေးမှုနဲ့အတူ ကုမ္ပဏီမှာ တစ်နှစ်တိတိအလုပ်ဝင်လုပ်ခဲ့ရပါတော့တယ်။
မိဘမရှိရှာတော့တဲ့ တူလေးကို သားအရင်းလိုမွေးစားပြီး ကိုယ်တိုင်ပျိုးထောင်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ Done Hee တစ်ယောက် သားတစ်ယောက်အမေ အပျိုလေးအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ဦးမှာလဲ။ ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းကို အားတင်းရင်း လျှောက်လှမ်းနေရတဲ့ Dong Hee တစ်ယောက် သူဌေးသား Cha Yeol နဲ့ ပတ်သက်မိတဲ့အခါမှာတော့… ဘဝပေးအခြေအနေချင်းမတူကြတဲ့ ထိုသူတို့နှစ်ဦးရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်မှာလဲ။ မိသားစုဇာတ်လမ်းဖြစ်တဲ့အတွက် ဘယ်လိုဇာတ်ကွက်ကောင်းတွေ၊ အလှည့်အပြောင်းတွေနဲ့ climaxရောက်အောင် ဆွဲခေါ်သွား‌ဦးမှာလဲဆိုတာကို ပရိသတ်ကြီးက Gold Channelမှာ အခုပဲ ကြည့်ရှုအားပေးလိုက်ပါဦးရှင်။

Original title 으라차차 내 인생
First air date Apr. 11, 2022
Seasons 1
Episodes 20

Similar titles