
The love in your eyes အပြီးမှာတော့ Apple of my eye ဆိုတဲ့ မိသားစုကားရှည်လေးထွက်ရှိလိုလာပါတယ်။
ကဲ ဒီတစ်ခေါက်မှာရော ဒီကားလေးက Gc ပရိသတ်ကြီးကို ဘယ်လိုရသမျိူးတွေ ပေးစွမ်းဦးမှာလဲ။
ဇာတ်အိမ်လေးကလည်း ကလေးတစ်ယောက်ဖေဖေအနေနဲ့ မင်းသား Seo Jun-Young က ပါဝင်သရုပ်ဆောင်ထားပြီး မိခင်မရှိရှာတဲ့ တစ်ဦးတည်းသော သမီးလေးကို ပျိုးထောင်ရင်း လောကဓံကို အံတုကျော်ဖြတ်ရပုံတွေကို ရိုက်ပြထားတာပါ။
တစ်ဦးတည်းသောသမီးလေးမို အရိပ်တကြည့်ကြည့် မျက်နှာမငြိုးအောင်ထားခဲ့ပေမဲ့ သမီးလေးဟာ အနုပညာရှင်ပိုးဝင်လာပြီး ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ လက်လှမ်းမမှီနိုင်တဲ့ အနုပညာရှင်အိပ်မက်ကို စတင်မက်လာပါတော့တယ်။ အိပ်မက်တွေ တပွေ့တပိုက်နဲ့ တစ်ဦးတည်းသော သမီးလေး Geum Jan-Di ကို ဖေဖေ Geum Gang-San တစ်ယောက် ဘယ်လိုထိန်းသိမ်းပျိုးထောင်သွားမှာလဲ။ အနုညာရှင်ဖြစ်ချင်တဲ့သမီးလေးရဲ့ အိပ်မက်ကရော အကောင်အထည်ပေါ်လာနိုင်ပါ့မလား။ အခက်အခဲအတားအဆီးတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ Geum Gang-San ဆီ ရောက်ရှိလာမယ့် “Apple of his eye” ကရော ဘယ်သူများဖြစ်မှာလဲ ဆိုတာတွေကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာဖြစ်လို အခုပဲ Gc Team နဲ့ အတူတူ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ရအောင်ပါရှင်။
Review by Faith
Translated by Yin Cho, Faith & Hazel
Encoded by Cham