
Again My Life(어게인 마이 라이프)
GCverse တို့ကို ဒီတစ်ခါတင်ဆက်ပေးဖို့ အလှည့်ကျလာတာကတော့ Lee Joon-Gi ရဲ့ Comeback Drama ဖြစ်တဲ့ Again My Life ပါပဲ။ Manga ကို live action ပြန်ရိုက်ထားတာဖြစ်ပြီး Fantasy ဆန်ဆန် ဥပဒေကားမို့ လက်မလွှတ်သင့်ပါဘူးနော်။ Kim Hee-Woo (Lee Joon-Gi) ကတော့ အထက်တန်းကျောင်းမှာ အဆင့်ဘိတ်ချေးကကျောင်းသားလေးပါ။ ဒါပေမဲ့လည်း ကြိုးစားမှုကြောင့် တက္ကသိုလ်ဝင်ခွင့်ရပြီး ဥပဒေစာမေးပွဲကို ခဲရာခဲဆစ်နဲ့ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လုံးဝကို စိတ်အားထက်သန်တဲ့စုံစမ်းရေးမှူးတစ်ဦးဖြစ်လာခဲ့ပြီး နာမည်ကြီး နိုင်ငံရေးသမားတွေရဲ့ လာဘ်စားမှုတွေကို လိုက်လံစုံစမ်းပါတော့တယ်။ သူသွားထိတဲ့နိုင်ငံရေးသမားကတော့ Jo Tae-Seob (Lee Kyoung-Young) ဖြစ်ပြီး အမှုစုံစမ်းရင်း အမည်မသိလူတစ်ဦးရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတော့တယ်။ ဒါပေမဲ့ သူသိလိုက်ရတာကတော့ သေရာကနေပြန်ရှင်လာခဲ့တဲ့ သူ့အဖြစ်ပါပဲ။ ဘဝသစ်မှာ Hee-Woo တစ်ယောက် သူ့ရဲ့စုံစမ်းမှုတွေကို ဘယ်လိုဆက်လုပ်မလဲ။ မတရားမှုတွေ အကျင့်ပျက်ခြစားမှုတွေကို ဖြေရှင်းနိုင်ပါ့မလား။ သူ ဘာလို့များ အသက်ပြန်ရှင်လာရတာလဲ စတာတွေကို ကြည့်ရှုခံစားရမှာပါ။ Mystery and Law drama ဆိုတာ Lee Joon-Gi နဲ့ခွဲပြီးမြင်လို့မရအောင်ကို လိုက်ဖက်ညီတဲ့ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဒီတစ်ခေါက်ရော ဘယ်လိုကာရိုက်တာ၊ ဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့နှလုံးသားကို အမိုက်စားသိမ်းယူသွားမလဲဆိုတာကို အပတ်စဥ် သောကြာနဲ့ စနေနေ့တွေမှာ GC Drama နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
Translated by Winnie Ngoon and Phyo Thant
Good