Abyss

Abyss

May. 06, 2019
Your rating: 0
9.3 50 votes

Seasons and episodes

1Season 1 May. 06, 2019

Creator

Creator

Cast

Park Bo-young isGo Se-yeon
Go Se-yeon
Lee Sung-jae isOh Young-Cheol
Oh Young-Cheol
Lee Si-eon isPark Dong-Cheol
Park Dong-Cheol
Han So-hee isJang Hee-Jin
Jang Hee-Jin
Kwon Soo-Hyeon isSeo Ji-Wook
Seo Ji-Wook
Yoon Yoo-sun isEom Ae-Ran
Eom Ae-Ran
Kim Sa-rang isGo Se-yeon (before death)
Go Se-yeon (before death)
Ahn Se-ha isCha Min (before death)
Cha Min (before death)

Synopsis

Abyss တဲ့ နာမည်လေးက ဆန်းသလို ဇာတ်လမ်းကလည်း ရိုးနေမှာမဟုတ်တာအသေချာ… tvN ဆိုတာနဲ့ တန်းသိလိုက်ပေတော့ပေါ့နော် ?

သရုပ်ဆောင်တွေကလည်း ပရိတ်သတ်အချစ်တော်တွေ Kim Sa Rang , An Se Ha နဲ့ Park Bo Young , Ahn Hyo Seop တဲ့ ..ကဲကြည့် တွဲပေးထားတဲ့ ပုံစံကအစဆွဲဆောင် it အတွဲလေးတွေပေါ့လေ ?? ဇာတ်လမ်းကလည်း သဘာဝလွန်ဖြစ်ရပ်တွေနဲ့အတူ မှုခင်းလည်းလိုက်ရင်း အတွဲလေးလည်းချောင်းရင်း အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရှုရမှာပါတဲ့.. ??

စိတ်ဝင်စားသူလေးတွေအတွက် ဇာတ်လမ်းပုံစံလေးက ဒီလို ??

Ko Se-Yeon (Kim Sa-Rang) က အရမ်းလှတဲ့အစိုးရရှေ့နေတစ်ယောက်ဖြစ်ပြီး သူမရဲ့လုပ်ငန်းခွင်မှာလည်း တော်တဲ့သူတစ်ယောက်ပါ သူမမတော်တဆမှု (လူသတ်မှု) တစ်ခုကြောင့် သေဆုံးခဲ့ပါတယ် Abyss လို့ခေါ်တဲ့ မှော်ဝင်ကျောက်တုံးလေးကြောင့် ပြန်လည်အသက်ရှင်သန်ခွင့်ရလာခဲ့ပေမယ့် သူမရဲ့ရုပ်ရည်သွင်ပြင်အကုန်လုံးမတူတော့ပါဘူး Ko Se-Yeon (Park Bo-Young) ကတော့သူမရဲ့လက်ရှိခန္ဓာကိုယ်ပါ ထူးဆန်းလှတဲ့ မှော်ဝင်ကျောက်တုံးလေးက လူတွေကို အသက်ပြန်သွင်းနိုင်ပေမယ့် ရုပ်ရည်သွင်ပြင်နဲ့ခန္ဓာကိုယ် အားလုံးကတော့ သေဆုံးသူရဲ့စိတ်ဝိဉာဉ်ဘယ်လောက်ကောင်းမွန်ခဲ့သလဲ ဆိုတာအပေါ်မူတည်ပြီး ပြောင်းလဲသွားပါလိမ့်မယ်တဲ့
(Kim Se Rang ကနေ Park Bo Young ဆိုတော့ လူကောင်သိပ်မကွာပါဘူးလေ ?)

Cha Min (An Se-Ha) ကတော့ အလှကုန်ကုမ္ပဏီတစ်ခုရဲ့ဆက်ခံသူပါ သူကထက်မြက်ပြီး နှိမ့်ချနေတတ်သလို စိတ်သဘောနှလုံးသားလှသူပါတဲ့ Cha Min လည်းမတော်တဆမှု (လူသတ်မှု) တစ်ခုကြောင့် သေဆုံးခဲ့ပါတယ် သူလည်း Abyss လို့ခေါ်တဲ့ မှော်ဝင်ကျောက်တုံးလေးကြောင့် ပြန်လည်အသက်ရှင်သန်ခွင့်ရလာခဲ့ပေမယ့် သူ့ရဲ့ရုပ်ရည်သွင်ပြင်အကုန်လုံးမတူတော့ပါဘူး Cha Min (Ahn Hyo-Seop) ကတော့အရမ်းကို ခန့်ညားချောမောနေပါပြီ

Kim Sa Rang , An Se Ha အတွဲကနေ Park Bo Young , Ahn Hyo Seop အဖြစ်ပြောင်းလဲသွားကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဘယ်လိုတွေများ အမှုလိုက်ကြမလဲ ???

ဒါ့အပြင် Seo In Guk နဲ့ Jung So Min တို့ကလည်း အပိုင်း (၁) မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးဦးမှာပါ (နမူနာပုံတွေအဆို သေမင်း(Grim Reaper) အနေနဲ့များ ပါဝင်လာမလားမသိဘူးနော် ☺️

ထပ်လောင်း စိတ်ဝင်စားစရာကောင်းကတော့ Abyss ကိုတာဝန်ယူရိုက်ကူးမယ့် ဒါရိုက်တာ Yoo Je Won က Park Bo Young နဲ့အတူ “Oh My Ghostess (2015)”ဆိုတဲ့ပရိတ်သတ်အသည်းစွဲ (admin အသည်းစွဲ ?) ဇာတ်ကားတစ်ကားကို ဖန်တီးခဲ့ဖူးသူလည်း ဖြစ်တာကြောင့် ဒီတစ်ခါရော ပရိတ်သတ်ကိုဘယ်လိုဆွဲဆောင်ဦးမလဲ.. ဆိုတာကိုတော့ လာမယ့် မေလ (၆) ရက်နေ့ကစပြီး အပတ်စဉ် တနင်္လာ-အင်္ဂါနေ့ည ၉:၃၀ (KST) တိုင်းtvNရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီတဲ့

Review Credited to Kdrama Crazies Myanmar Fan
Translated by Hnin Aye Nyein

Abyss
Abyss
Original title 어비스
First air date May. 06, 2019
Seasons 1
Episodes 6
Average Duration 60 minutes

Similar titles

Zombie Detective
Star In My Mind
The Vineyard Man
Mouse
Gyeongseong Creature
The Midnight Studio
Crazy Love
The Matchmakers
Everyone Loves Me
The Golden Spoon
Just Beyond (2021)
Twinkling Watermelon