A Romance of the Little Forest

A Romance of the Little Forest

Sep. 15, 2022
Your rating: 0
10 2 votes

Seasons and episodes

1Season 1 Sep. 15, 2022

Creator

Creator

Cast

Vin Zhang isZhuang Yu
Zhuang Yu
Yu Shuxin isYu Meiren
Yu Meiren
Li Jiaqi isLi Tiantian
Li Tiantian
Jerron Wu isLu Jian
Lu Jian
Ge An isLao Li
Lao Li
Liu Jieyi isYu Meinan
Yu Meinan
Cui Yi isMother Yu
Mother Yu
Wenling Li isGrandma Li
Grandma Li
Li Ye isMr. Yu
Mr. Yu

Synopsis

မင်းသားကစာတော် မင်းသမီးကစာညံ့ ဒီလိုဇာတ်ကားမျိုးတွေပဲကြည့်နေရလို့ ပျင်းရိနေပြီလား? ဒါဆိုရင်တော့ GC Chinese Team ကယခုတစ်ခေါက်ယူဆောင်လာပေးမဲ့ ဇာတ်ကားသစ်လေးကို ကြည့်သင့်နေပြီနော် သမာရိုးကျဇာတ်အိမ်တွေထဲကနေ ခွဲထွက်နေတဲ့ဇာတ်ကားဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလေးတွေပါ ရောယှက်ရိုက်ကူးထားတဲ့ A Romance of The Little Forest (တူနှစ်ကိုယ်တောအုပ်ငယ်) ဆိုတဲ့ဇာတ်ကားလေးကို GC Verseတို့ရှေ့ကို သယ်ဆောင်လာခဲ့ပါပြီ ဒီဇာတ်ကားလေးတွင် Love O2O, Ten Miles of Peach Blossoms, The King’s Women, Love is Fate ဇာတ်ကားတို့ထဲမှ သရုပ်ဆောင်ဖြစ်သူ Vin Zhang (Zhang Binbin) နှင့် Love Between Fairy And Devil, Moonlight, I’ve Fallen For You, Find Yourself တို့မှ ချစ်စဖွယ်မင်းသမီးလေး Esther Yu ( Yu Shuxin) တို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး My Girl, Meteor Garden, Wait My Youth, Nichang ဇာတ်ကားများ၏အမျိုးသမီးဇာတ်ဆောင်ဖြစ်သူ Li Jiaqi နှင့်တကွ Gank Your Heart, Be Yourself ဇာတ်ကားတို့မှ ဇာတ်ပို့ကောင်းလေး Ding Guansenအပြင် အခြားအနုပညာရှင်ပေါင်း များစွာမှလည်း ပါဝင်ကူညီအားဖြည့်ပေးထားပါတယ် ဒီဇာတ်လမ်းတွဲလေးက သုတေသနလုပ်ငန်းကိုပဲ အာရုံစိုက်တဲ့ ရုက္ခဗေဒပါမောက္ခလေးနဲ့ ဖက်ရှင်bloggerမလေးတို့ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လူတိုင်းလိုချင်တောင့်တကြတဲ့ ရာထူးအာဏာတွေ ငွေကြေးချမ်းသာမှုနဲ့ ကံကောင်းမှုတွေကို လျစ်လျူရှုပြီး သူ့ရဲ့ သုတေသနလုပ်ငန်းကိုပဲ အာရုံစိုက်တဲ့ ရုက္ခဗေဒပါမောက္ခကျွမ်းယွီ သူ့ရဲ့ ဒီလိုအပြုအမူတွေဟာ သူသတိမထားလိုက်မိတဲ့အချိန်လေးမှာပဲ သူ့ကို တိတ်တခိုးသဘောကျနေတဲ့ ကျေးလက်သူလေး ယွီမေရန်ဆိုတဲ့ မိန်းကလေးရဲ့ နှလုံးသားငယ်ကို ထိခိုက်နာကျင်စေခဲ့မိပါတယ်။ ကျေးလက်လေးမှာ ကြီးပြင်းလာတဲ့ ယွီမေရန်လေးဟာ ကျွမ်းယွီအပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်တွေကို ဖွင့်ဟဝန်ခံခဲ့ပေမယ့် ကျွမ်းယွီရဲ့ အေးစက်တဲ့ ငြင်းဆိုမှုအောက်မှာ သူ့ရဲ့နှလုံးသားလေး ထိခိုက်နာကျင်ခဲ့ရပါတယ်။ ယွီမေရန်ဟာ နေ့တွေကိုလစားလို့ လတွေကို နှစ်စားပြီး အချိန်ကြာတိုင်အောင် ငယ်ရွယ်နုနယ်တဲ့သူ့အပေါ် နှလုံးသားဒဏ်ရာပေးခဲ့တဲ့ ကျွမ်းယွီကို မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကို ကျော်လွန်ပြီးတဲ့အချိန်မှာတော့ ကျေးလက်သူလေး ယွီမေရန်တစ်ယောက် ငှက်မျိုးစိတ်တွေကို လေ့လာတဲ့ပညာရပ်ကို အမှတ်ကောင်းကောင်းနဲ့ ပါရဂူဘွဲ့အထိ အရယူနိုင်ခဲ့ပါတယ်။ ပါရဂူဘွဲ့ရပြီးတဲ့နောက်မှာတော့ သုတေသနလုပ်ငန်းတွေရဲ့ဖိအားကို ရင်မဆိုင်ချင်တဲ့ ယွီမေရန်ဟာ ဖက်ရှင်bloggerအဖြစ် ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ ဒီလိုမျိုး မထင်မှတ်တဲ့အချိန်မှာပဲ ကံကြမ္မာရဲ့အကြောင်းဖန်မှုကြောင့် ကျေးလက်ကို သုတေသနလုပ်ငန်းကြောင့် လက်တွေ့ကွင်းဆင်းဖို့ ရောက်လာတဲ့ ကျွမ်းယွီနဲ့ ယွီမေရန်တို့ ပြန်လည်ဆုံစည်းဖြစ်ကြပါတယ်။ တစ်ချိန်က နှလုံးသားဒဏ်ရာပေးခဲ့သူ ကျွမ်းယွီကို မမေ့နိုင်တဲ့ ယွီမေရန်ဟာ လက်စားချေဖို့ ကြိုးစားရင်းနဲ့ပဲ အချစ်နွံထဲ ပိုနစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ယွီမေရန်ရဲ့အကူအညီပေးမှုနဲ့ ကျွမ်းယွီရဲ့ သုတေသနဟာလည်း အဆင်ပြေပြေချောချောမွေ့မွေ့ ပြီးဆုံးသွားတဲ့အပြင် သူတို့နှစ်ယောက်ကြားမှာလည်း သံယောဇဉ်အမျှင်တန်းလေး ရစ်နှောင်ပြီး လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်လာခဲ့ပါတော့တယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုကို အခြေခံထားပြီး မျက်မှောက်ခေတ် သိပ္ပံလောကရဲ့ အပြစ်‌နဲ့ ‌လိုအပ်ချက်တွေကို မီးမှောင်းထိုးပြကာ သဘာဝကို ချစ်မြတ်နိုးတတ်သူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ Romance ,Healing dramaအမျိုးအစားဖြစ်ပြီးတော့ သာမန်ဇာတ်လမ်းတွေနဲ့ မတူညီဘဲ သဘာဝမိခင်ရဲ့ အလှတရားတွေ၊ သာယာလှပတဲ့ရှုခင်းတွေ၊ နှင်းတွေမြူတွေ ရစ်ဆိုင်းနေတဲ့ရွာကလေးနဲ့ တောတောင်တွေကို ရစ်ပတ်ပြီး တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းတွေ သဘာဝအလှကို တေးဖွဲ့သီနေတဲ့ငှက်ကလေးတို့ရဲ့ တေးသံသာတွေ ပေါင်းဆုံစည်းတဲ့ နေခြည်နွေးလေး နူးနူးညံ့ညံ့ ဖြာကျနေတဲ့ သစ်တောအုပ်လေးတို့အပြင် အေးချမ်းတည်ငြိမ်တဲ့ အငွေ့အသက်တို့ လွှမ်းခြုံရစ်သိုင်းနေတဲ့ A Romance of the Little Forest အမည်ရတဲ့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်ဖြင့် GC Drama telegram channelနဲ့ websiteမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်

Reviewed by April Chyu and Fryemme

Translated by GC Chinese Team

Encoded by Lwin Naung

A Romance of the Little Forest
Original title 两个人的小森林
First air date Sep. 15, 2022
Last air date Sep. 16, 2022
Seasons 1
Episodes 35
Average Duration 48 minutes

Similar titles

Hello, Me!
It’s a Sin (2021 – )
The Sopranos (1999)
Why Her?
Good Bye My Princess
Family: The Unbreakable Bond
Heartstopper
Back From the Brink
Woori The Virgin
Doona!
Tomorrow
Royal Secret Agent