A Dream of Splendor (2022) မြန်မာစာတမ်းထိုး

A Dream of Splendor (2022) မြန်မာစာတမ်းထိုး

Jun. 02, 2022
Your rating: 0
5 1 vote

Seasons and episodes

1Season 1 Jun. 02, 2022

Creator

Creator

Cast

Liu Yifei isZhao Pan'er
Zhao Pan'er
Chen Xiao isGu Qianfan
Gu Qianfan
Liu Yan isSun Sanniang
Sun Sanniang
Lin Yun isSong Yinzhang
Song Yinzhang
Joe Xu isOuyang Xu
Ouyang Xu
Dai Xu isChi Pan
Chi Pan
Luoyong Wang isXiao Qinyan
Xiao Qinyan

Video trailer

Synopsis

ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် ၂၀၂၂ ထွက် C-drama ဇာတ်လမ်းတွဲများထဲမှာမှ ပရိတ်သတ်စောင့်မျှော်ခြင်းခံရတဲ့ အထင်ကရ

ဇာတ်ကားများထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ဘာကြောင့်များပါလဲ။ ဇာတ်လမ်းက အမျိုးသမီးဇာတ်ဆောင်ကို ဗဟိုပြုတဲ့ပုံစံလေးဖြစ်နေလို့လား။ ဒါဆိုရင်လည်း ဇာတ်ဆောင်မင်းသမီးက ဘယ်သူများမို့လို့ပါလဲ။

၂၀၀၃ ခုနစ်ထွက် တိမ်လွှာနဂါးသူရဲကောင်းများဇာတ်လမ်းတွဲမှာ မုရုံဖုကို တစ်ဖက်သတ်မြတ်နိုးရသူ ဝမ်ယွီယန်းအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်ထွက် သိုင်းမင်းသားနဲ့နတ်မိမယ်မှာ ဟူကောနဲ့တွဲဖက်လို့ နန်ကျောက်ပြည်ရဲ့မင်းသမီး လင်အာ အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ C-drama ချစ်မြန်မာပရိတ်သတ်များ အမှတ်ရအကျွမ်းဝင်ဆုံး ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒါကတော့ သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲရဲ့ ရှောင်လုံနွီတစ်ဖြစ်လည်း ယန်ကော်ရဲ့ ဂူးဂူးပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ မင်းသမီးက ဘယ်သူလဲ သိလောက်ပါပြီ။ တရုတ်ပြည်ရဲ့ ဂန္တဝင်မင်းသမီးလေးလက်ထဲက တစ်လက်ဖြစ်တဲ့ လျိုယိဖေးပဲ ဖြစ်ပါတယ်။ နတ်သမီးမမရယ်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ လျိုယိဖေးကို ဒီရာဇဝင်အခြေပြုဇာတ်လမ်းတွဲမှာ ဟန့်ဖူရိုးရာဝတ်စုံလေးနဲ့ ကျော့ကျော့ရှင်းရှင်းပြန်မြင်တွေ့ကြရတော့မှာမို့ ဂူးဂူးချစ်ပရိတ်သတ်များအနေနဲ့ ဒီဇာတ်လမ်းတွဲကို မလွတ်တမ်းကြည့်ရှုဖို့ အကြောင်းဖန်လာပြီနော်။

ဒါ့အပြင် ဇာတ်ဆောင်မင်းသား Chen Xiao ကလည်း ၂၀၁၃ ခုနှစ် Swordsman ဇာတ်လမ်းတွဲမှာ Lin Ping Zhi ဇာတ်ကောင်နဲ့ နာမည်ကြီးလာသူဖြစ်ပြီး သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲနဲ့ franchise တူတဲ့ The Romance of the Condor Heroes (2014) မှာ ယန်ကော်အဖြစ် သရုပ်ဆောင်ခဲ့သူပါ။ Queen Dugu (2019) မှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့တာကြောင့် ရာဇဝင်ဇာတ်လမ်းတွဲချစ်ပရိတ်သတ်များအဖို့ ရင်းနှီးပြီးသားဖြစ်နေမှာပါ။

အလားတူပဲ Ada Liu ၊ Jelly Lin စတဲ့ သရုပ်ဆောင်များကလည်း အားဖြည့်ပါဝင်ထားကြသေးတာမို့ ဒီ A Dream of Splendor ဇာတ်လမ်းတွဲက ၂၀၂၂ ထွက် C-drama ထဲမှာ ကြည့်ရှုမှဖြစ်ကိုဖြစ်မယ့် (must-watch) စာရင်းထဲမှာ ပါလို့နေတာပါ။

(ဇာတ်လမ်းအကျဉ်း)

ဟန်ကျိုးမှာ လက်ဖက်ရည်ဆိုင်လေးတစ်ခုဖွင့်ထားတဲ့ ကျောက်ဖန့်အာ(လျိုယိဖေး)ဟာ မိမိရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းလောင်း အိုးယန်ရွှိ(Xu Hai Qiao)က မင်းမြို့တော်ရဲ့ကျောင်းတော်ကြီးမှာ ဝင်ခွင့်ရသွားလို့ ပျော်နေမိပါတယ်။

သို့ပေမဲ့လည်း အဲဒီအပျော်က ကြာရှည်မခံခဲ့ပါဘူး။ ခင်ပွန်းလောင်းက ကျောက်ဖန့်အာ(လျိုယိဖေး)ကို ဒီလိုပြောလာပါတယ်။

“ဖန့်အာ မင်းက အားလုံးကောင်းပါတယ်..မျိုးရိုးနောက်ခံလေးပဲ နိမ့်ပါးနေတာ။ မင်းက ကိုယ့်ဘဝရဲ့ အမည်းစက်ဖြစ်လာမှာကို မလိုလားဘူးမို့လား”တဲ့လေ။

“မင်းဟာ ဟန်ကျိုးလို မြို့တော်လေးမှာ ပြည်သူတွေအကြားမှာတော့ ဆိုနိုင်ကနိုင် ဖျော်ဖြေနိုင်လို့ လူရာဝင်ပေမဲ့ မင်းမြို့တော်မှာဆိုရင် ရင်ဆိုင်ကြုံတွေ့ရမှာက ဆုတော်ရစာပေပညာရှင်တွေ မင်းညီမင်းသားတွေပဲ” လို့လည်း ပြောလာကြပြန်ပါတယ်။ ကံတရားကို လက်မခံချင်တဲ့ ကျောက်ဖန့်အာ(လျိုယိဖေး)တစ်ယောက် တရားမျှတမှုကို ရှာဖွေဖို့ဆိုပြီး မြို့တော်ကို လိုက်သွားဖို့ ပြင်ခဲ့ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်ခြင်းခံရပြီး အနိုင်ကျင့်ခံနေရတဲ့ ညီအစ်မကောင်းဖြစ်တဲ့ စုန့်ယင်ကျန်းကို မြို့တော်သွားရာလမ်းမှာ ကျောက်ဖန့်အာ(လျိုယိဖေး)က ကယ်တင်လိုက်ပါတယ်။ အလားတူပဲ အိမ်ထောင်ရေးဘဝကြောင့် အသက်ကိုစွန့်ဖို့ ကြံစည်နေတဲ့ စွန်းစန်းနျန်ကိုလည်း ကယ်လိုက်ပြန်ပါတယ်။

အိုးယန်ရွှိ(Xu Hai Qiao)က ကျောက်ဖန့်အာ(လျိုယိဖေး) မြို့တော်ကို လိုက်လာမှန်းသိတော့ မတန်တဆ တောင်းဆိုချက်တွေနဲ့ မရမက နှင်ထုတ်ပါတယ်။

အဲဒီမှာ ကျောက်ဖန့်အာ(လျိုယိဖေး)က

“我赵盼儿 永不为 妾”

“ငါဆိုတဲ့ ကျောက်ဖန့်အာက ဘယ်တော့မှ မောင်းမလုပ်မှာ မဟုတ်ဘူး”

လို့ပြောပြီး  ထွက်လာခဲ့ပါတယ်။

ကျောက်ဖန့်အာ(လျိုယိဖေး)က စွန်းစန်းနျန်၊ စုန့်ယင်ကျန်းတို့နဲ့အတူ ကိုယ်စီတတ်ကျွမ်းရာအရည်အချင်းတွေကို အားကိုးပြီး လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အတူဖွင့်လိုက်ကြပါတယ်။ လောကဓံကို အကြိမ်ကြိမ် ခါးစီးခံကြပြီးနောက်မှာတော့ သူတို့ရဲ့ လက်ဖက်ရည်ဆိုင်လေးကနေ အကြီးဆုံးစားသောက်ဆိုင်ကြီးတစ်ခုအဖြစ် အောင်မြင်လာခဲ့ပါတယ်။

အခက်အခဲတွေကို ရင်ဆိုင်ရဖန်များလာတဲ့ ကျောက်ဖန့်အာ(လျိုယိဖေး)တစ်ယောက် လောကအကြောင်း လူ့အကြောင်း ပိုနားလည်လို့လာပြီး ခင်ပွန်းလောင်းဖြစ်ဖူးသူ အိုးယန်ရွှိ(Xu Hai Qiao)ကို မုန်းတီးတာကိုလည်း လွှတ်ချလာနိုင်သလို ရှေးခေတ်ရှေးအခါမှာ တန်းတူညီမျှမှုမရရှာတဲ့ အမျိုးသမီးများအတွက် ကွန်းခိုရာတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး သရုပ်ဆောင်ကောင်းများစွာပြည့်နှက်နေပြီး ဇာတ်အိမ်ဇာတ်ညွှန်းခိုင်မာတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုကို ကြည့်ရှုနိုင်ဖို့ Gold Channel ရဲ့ GC Team (中文)ကနေ တင်ဆက်ပေးသွားတော့မှာပါ။ စောင့်မျှော်ကြည့်ရှုကြရအောင်ပါလား။

Translated by GC Team

Encoded by Lwin Naung

A Dream of Splendor (2022) မြန်မာစာတမ်းထိုး
A Dream of Splendor (2022) မြန်မာစာတမ်းထိုး
A Dream of Splendor (2022) မြန်မာစာတမ်းထိုး
A Dream of Splendor (2022) မြန်မာစာတမ်းထိုး
A Dream of Splendor (2022) မြန်မာစာတမ်းထိုး
Original title 梦华录
TMDb Rating 7 7 votes
First air date Jun. 02, 2022
Last air date Jun. 26, 2022
Seasons 1
Episodes 40
Average Duration 45 minutes

Similar titles

MINE
Stockstruck
It’s Okay, That’s Love
Euphoria (2019-2022)
The Witcher Season 2 (2021)
Still 2gether: The Series
The Beauty Inside
Navillera
Life
Big Bet
The Sound of Magic
Thank You, Doctor