
Rating လည်းကောင်းသလို ကြည့်လို့လည်းကောင်းတဲ့ Western Series အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
1883 ကတော့ Yellowstone ဆိုတဲ့ TvSeries လေးမတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တဲ့ Dutton မိသားစုအကြောင်းပဲဖြစ်ပါတယ်။ နယ်မြေသစ်ကိုရှာဖွေနေကြတဲ့ Dutton မိသားစုက မမျှော်လင့်ဘဲ နာမည်ကြီး Great Plains ကို ဖြတ်ရဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ Great Plains ဆိုတာလည်းသိတဲ့အတိုင်းပဲ နာမည်ကြီးအင်ဒီးယန်းနယ်မြေတစ်ခုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဂျာမန်တွေကို နယ်မြေသစ်တစ်ခုကို အခကြေးငွေယူပြီးပို့ပေးနေတဲ့ ကပ္ပတိန်ဆိုသူတစ်ယောက်ရှိပါသေးတယ်။ ဂျာမန်တွေကနောက်ပိုင်းခေတ်မှာကြမ်းသလောက် အဲဒီခေတ်မှာတော့ သေနတ်မကိုင်ရတဲ့စည်းမျဉ်းတောင်ရှိနေပါသေးတယ်။ သေနတ်မကိုင်တတ်တဲ့ ဂျာမန်တစ်အုပ်ကို ကပ္ပတိန်တစ်ယောက် ဘယ်လိုမှ Great Plains ကို ဖြတ်ပြီးလိုက်ပို့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲဒါနဲ့ခရီးနှင်ကြမယ့် Dutton မိသားစုနဲ့ သွားဆုံပြီးတော့ အတူတူသွားဖြစ်ခဲ့ကြပါတယ်။
ဒီ TvSeries မှာတော့ Dutton မိသားစုရဲ့ နာမည်ကြီး Yellowstone Ranch ဖြစ်မလာခင် မျိုးဆက်တစ်ခုအကြောင်းကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီးတော့ တနင်္ဂနွေနေ့တိုင်းအပိုင်းသစ်ကို ခံစားခွင့်ရမှာပဲဖြစ်ပါတယ်။
Review by Bruce
Translated by Bruce, Lynn Kha & Zac
။ website ထဲဝင်ရင်လဲ VPN နဲ့ဘဲဝင်နေရတယ်ဗျ။ Please?
မဂ်လာပါဗျ Fb page က ဘယ်လိုဖြစ်သွားတာလဲမသိဘူး။ website ထဲဝင်ရင်လဲ VPN နဲ့ဘဲဝင်နေရတယ်ဗျ။ Please?
အဆက်လေးတင်ပေးပါဦး
။ website ထဲဝင်ရင်လဲ VPN နဲ့ဘဲဝင်နေရတယ်ဗျ။ Please?