
Who Framed Roger Rabbit (1988)
===============================
အခုတစ်ခါမှာတော့ ပရိသတ်တို့ရဲ့ငယ်ဘဝတွေဆီကိုပြန်သွားကြရအောင်လား။ ဒီကားလေးဟာ 1988 ကထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး RT 97%, IMDb 7.7/10 ရထားတဲ့ Animation Comedy ကားကောင်းလေးဖြစ်ပါတယ်။ Rating တွေကကောင်းတယ်ဆိုတော့ ဇာတ်လမ်းဘက်ကိုလှည့်ရအောင်။
ဇာတ်လမ်းကတော့ Toontown ရဲ့ နာမည်ကြီးဟာသကာတွန်းဇာတ်ကောင်လေး Roger Rabbit အလုပ်လုပ်တိုင်း စိတ်မပါနေမှုနဲ့စထားပါတယ်။ အကြောင်းကတော့ သူ့ဇနီးချောလေး Jessica က သူဌေးကြီး Acme နဲ့ဖောက်ပြန်နေတယ်လို့ သတင်းတွေထွက်နေလို့ပါ။ ဒီလိုမျိုး Roger လေး စိတ်မပါလက်မပါဖြစ်နေတာကို မကြည့်နိုင်တော့တဲ့ သူ့သူဌေး R.K. Maroon ဟာ ကြေးစားစုံထောက် Eddie Valiant ကိုခေါ်ပြီး စုံစမ်းခိုင်းပါတော့တယ်။
စုံထောက်ကြီး Valiant က Roger ရဲ့ ဇနီးသည်ဖောက်ပြန်တာကို မျက်မြင်တွေ့ခဲ့တာမဆန်းပေမယ့် နောက်တစ်နေ့မှာ သူဌေးကြီး Acme သေဆုံးသွားလေတော့ သူနဲ့ Roger ဆီကို အမှုပတ်ပါတော့တယ်။
လူသတ်မှုရဲ့တရားခံကို Roger အဖြစ်နဲ့လက်ညှိုးထိုးပြနေကြတဲ့အချိန်မှာ တကယ့်တရားခံက Roger ဖြစ်မလား။ တရားခံကရောဘာကြောင့် သူဌေး Acme ကိုသတ်ရတာလဲ။ လှည့်ကွက်များတဲ့ဖြစ်ရပ်မှန်ကို သိချင်ရင် ဒီကားကိုပဲကြည့်ရှုပြီး အဖြေရှာလိုက်ပါလို့ ပြောပါရစေ။
ဒီကားထဲမှာ တစ်ချက်တစ်ချက်ကျရင် Mickey Mouse, Tweety, Bugs Bunny စတဲ့ ငယ်ငယ်ကကြိုက်ခဲ့ကြတဲ့ ကာတွန်းဇာတ်ကောင်လေးတွေပါပါလာတတ်လို့ ငယ်ဘဝကို ပြန်လည်လွမ်းမောကြရအောင်ပါ။
Translated and Review by Xing Egg
Encoded by Noah
Quality – Bluray
Size – 1GB / 420MB
IMDB – 7.7
Genres – Animation, Adventure, Comedy
Run Time – 1 Hr 44 mins