We Have Always Lived in the Castle (2018)
We Have Always Lived in The Castle ဟာ ၂၀၁၈ခုနှစ်မှာရိုက်ကူးခဲ့တဲ့ အမေရိကန်လျှို့ဝှက်သည်းဖိုရုပ်ရှင်ဖြစ်ပါတယ်။
စာရေးဆရာ ရှာလီ ဂျက်ခ်ဆန်ရဲ့ ၁၉၆၂ခုနှစ်မှာရေးသားခဲ့တဲ့ ၀တ္ထုကိုအခြေခြံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
သမရိုးကျဇာတ်လမ်းတွေနဲ့မတူဘဲ ပဟေဠိဆန်ဆန်ဇာတ်ဝင်ခန်းလေးတွေပါဝင်ပါတယ်။
အသက်၁၈နှစ်အရွယ်ကောင်မလေး မေရီကတ်သရင်းဟာ သူ့ရဲ့အစ်မ ကွန်းစတန့်စ်၊ သူတို့ရဲ့ဦးလေး ဂျူ လီယန်နဲ့အတူ တောင်ထိပ်ပေါ်ကရဲတိုက်ဆန်ဆန်အိမ်ကြီးမှာနေပါတယ်။
သူတို့ဟာ လူတွေနဲ့အဆက်အဆံသိပ်မလုပ်ကြဘဲ သီးခြားနေတာဖြစ်လို့ လူတွေကသူတို့ကိုစုန်းမတွေလို့ခေါ်ကြပါတယ်။
တစ်နေ့မှာတော့ သူတို့ဆီကို ၀မ်းကွဲအစ်ကို ချားစ်ဆိုတဲ့လူတစ်ယောက်ရောက်လာပြီးတော့ သူတို့ဘ၀မှာ အပြောင်းအလဲတချို့ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ ၁၉၆၀ကျော်ကာလက အပြင်အဆင် ၀တ်စားဆင်ယင်မှု ထိုခေတ်ကာလကလူတွေရဲ့ အယူသည်းမှုတွေကိုလည်းတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။
Translated by Estella
Encoded by Ada
imdb- 5.7
Genre – Drama, Mystery, Thriller
Run Time – 1hr30min