Walkaway Joe 2020
Walkaway joe ဘဝမှာ ကိုယ့်မိသားစု ကိုယ့်မိဘကို ဘယ်လောက်တောင်များ အနားမှာရှိနေစေခဲ့ဖူးလဲ။
သက်ဆိုင်နေသရွေ့ မပျောက်ဆုံးဘူးလို့ခံစားနေကြတာလား၊ ဆုံးရှုံးသွားပြီးတော့မှ နောင်တရကြတာလား။
သေကွဲ ကွဲတာထက် ရှင်ကွဲကပိုပြီးခံရခက်ကြသလိုပါပဲ။
ဒီကားလေးကတော့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် သူ့မိသားစုကိုဘယ်လိုပဲသဘောထားထား၊ နောက်ဆုံးမှာအတူတကွရှိဖို့ကြိုးစားချင်တဲ့ ကြိုးစားခဲ့တဲ့ပုံပါ။
ဘယ်သူဘာပြောပြောအထင်ကြီးလေးစားရတဲ့ဖခင်က မိသားစုကိုကျောခိုင်းသွားတဲ့အခါ အဖေရှိတဲ့ဆီ ရေဆုံးမြေဆုံးလိုက်ပြီးပြန်ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။
အဖေက မိသားစုထက်ပိုခင်တွယ်လွန်းတဲ့ ဘိလိယက်ပွဲတွေဆီလိုက်ရှာပြီး ကိုယ်တိုင် အစွမ်းပြ ပြန်ခေါ်ဖို့အတော်ကြိုးစားခဲ့တာပါ။
သူ့ရဲ့ ဖခင်ကိုရှာတဲ့ခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသူကတော့ အတိတ်ကအမှားတွေဆီက ထွက်ပြေးရင်း ကျန်ခဲ့တဲ့သားကို တစ်ခေါက်လောက်လေးပြန်တွေ့နိုင်ဖို့ ကြိုးစားရင်းနောင်တရနေသူ ဖခင်အိုကြီးပါပဲ။
ဒီ ၁၄ နှစ်ကောင်လေးရဲ့ အဖေကို မိသားစုဆီ ပြန်ခေါ်ချင်တဲ့စိတ်ကို စာနာပြီး အစစ ကူညီ အပြန်အလှန်နားလည်မှုပေးရင် ဒီကားလေးကို ဖန်တီးထားတာပါ။
ဇာတ်လမ်းကအေးသလိုလိုထင်ရပေမဲ့ အဆုံးသတ်ကတော့ ကျေနပ်စေမှာပါ။ တဖြည်းဖြည်းမြင့်လာတဲ့ဇာတ်ရှိန်နဲ့အတူ မင်းသားကြီး David Strathairn (Good night and Good Luck )နဲ့ Julian Feder (A boy callec Po) တို့ကလည်း ဒီဇာတ်လမ်းရဲ့ အနှစ်သာရကိုပေးစွမ်းသွားတာပါ။
တာဝန်ယူမှု တာဝန်ခံမှုနဲ့ပတ်သတ်လို့ နောင်တတွေနဲ့ဖခင်တစ်ဦး၊ မိသားစု အထူးသဖြင့်အဖေကိုဆုံးရှုံးရမှာကြောက်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်။ သူတို့၂ဦးရဲ့ လှုပ်ရှားမှု သရုပ်ဆောင်ချက်တွေက အသက်ဝင်လွန်းပါတယ်။
Stay home မှာ ငြိမ့်ငြိမ့်လေးကြည့်ရင်း ခံစားမှုတွေနဲ့ အတွေးနယ်ချဲ့နိုင်ဖို့ ကြည့်လိုက်ကြပါဦးနော်။
Translated and Review By Phoo Pwint Phyoe
Encoded By A Nyo
Quality-Webdl
Genre-Action, Drama
Size-250/800 mb
Imdb-6