Valerian and the City of a Thousand Planets ဇာတ်ကားဟာဆိုရင် နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Fifth Element , Lucy , စတာတွေကို ရိုက်ကူးဖန်တီးထားတဲ့ ဒါရိုက်တာ Luc Besson ကနာမည်ကြီး ပြင်သစ်ကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ မင်းသား Dane Dehaan နဲ့ မင်းသမီး Cara Delevingne တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ အဆိုတော် Rihanna နဲ့ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးများရဲ့အသည်းကျော် EXO အဖွဲ့ဝင်ဟောင်းတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာကိုယ်တိုင် အရမ်းကြိုတ်တဲ့ ကာတွန်းကားကို ပြန်လည်ရိုက်ကူးထားတာမို့ တခြားသိပံ္ပအာကာသ ကားတွေနဲ့မတူပဲ ဂြိုလ်တွေရဲ့အလှအပတွေ ပုလဲထုတ်တဲ့ ငြိုလ်သားတွေ တခြား စကြ၀ဠာအတွင်းက ဂြိုလ်တွေ အာကာသယာဉ်အဆန်းတွေကို ဘတ်ဂျက်များများသုံးထားတာကြောင့် အမြင်ဆန်းဆန်းနဲ့ကြည့်ရှုရမှာပါ။ အညွန်း …. ကမ္ဘာ့နိုင်ငံပေါင်းစုံ(1975 မှာစတင်ခဲ့တဲ့ ASTP)နဲ့ စကြ၀ဠာအတွင်းရှိဂြိုလ်သားတွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ အာကာသယာဉ်စခန်းဟာဆိုရင် 28 ရာစုရောက်လာတဲ့အချိန်မှာတော့ အချင်းထုထည်တဖြည်းဖြည်းကြီးမားလာပြီး ကမ္ဘာ့ပတ်လမ်းနဲ့နီးကပ်လာတာဟာ ကမ္ဘာမြေအတွက်တော့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အာကာသယာဉ်စခန်းကို ကမ္ဘာ့ပတ်လမ်းဝေးရာကို တွန်းပို့ဖို့ဆဲုးဖြတ်လိုက်ပါတယ်။ ဒီအာကာသယာဉ်လေးကတော့ အယ်ဖာဆိုတဲ့အမည်နဲ့နှစ်ပေါင်းများစွာ စကြဝဠာမှာစီးမျောနေရင်းနဲ့ များစွာသောဂြိုလ်သားတွေရဲ့ နည်းပညာတွေယဉ်ကျေးမှုတွေဖလှယ်ရာ မြို့တော်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အာသာသတပ်ဖွဲ့ဝင်တွေဟာ ကမ္ဘာဂြိုလ်ကာကွယ်ရေးကောင်စီဖွဲ့ပြီးတော့ စကြဝဋ္ဌာအတွင်းငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် အေးဂျင့် Valerian နဲ့ သူနဲ့အမြီးအမောက်မတည့်ကျတဲ့ ဆာဂျင် Laureline တို့တာဝန်ပေးအပ်ခံရပါတယ်။ သူတို့နှစ်ယောက်ဟာ အတွဲညီညီနဲ့ဘာတွေကိုရင်ဆိုင်ဖြေရှင်းကြမလဲ.. ငြိမ်းချမ်းရေးလိုလားတဲ့ပုလဲတွေထုတ်တဲ့ မြူ ဂြိုလ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မလဲ..ကမ္ဘာမြေကိုကောဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ပါအုံးရှင်
Translated by Don
Reviewed by Maya Lajawn
Encoded by Ar Ker Lin (14)
IMDB > 6.5 Genre > Action / Adventure / Fantasy
Quality >Blu Ray
Run Time > 2H 17min
Size >990MB / 250MB