
ဒီတစ်ခေါက် GC ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးကတော့ ကြေကွဲစရာအဖြစ်အပျက်လေးတစ်ခုကြောင့် အဖေနဲ့ အမေကိုဆုံးရှုံးရပြီးနောက်ပိုင်း သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲ ခံလိုက်ရတဲ့ Emma နဲ့ Scarlett တို့ ညီအစ်မ ၂ ယောက် ဇာတ်လမ်းပဲဖြစ်ပါတယ်။ အမြင်မတူမှုကြောင့် ညီအစ်မ ၂ ယောက် တစ်ယောက် တစ်ဘဝဆီဖြစ်ခဲ့ကြပြီးနောက်.. မိဘတွေနဲ့ အတူ သေဆုံးသွားပြီလို့ ထင်ထားခဲ့ရတဲ့ သူတို့ရဲ့ ညီမအငယ်ဆုံးလေး မသေသေးမှန်းသိလိုက်ရတဲ့အခါ သူတို့ ညီမလေးကိုပြန်တွေ့ရဖို့ ဘယ်လို အတူတူကြိုးစားကြမလဲ။ သူတို့ညီမလေးမှာ ဘယ်လိုအန္တရာယ်တွေရှိနေပြီလဲ။ ညီမလေးကို ဘယ်လိုကယ်ထုတ်နိုင်မလဲ။ သူတို့ မိဘတွေ သေဆုံးခဲ့ရတဲ့ အကြောင်းအမှန်က ဘာလဲ။ အစရှိတဲ့ မေးခွန်းများစွာရဲ့ အဖြေတွေကိုဖော်ထုတ်ရင်း ညီအစ်မတွေကြားက ချစ်ခြင်းမေတ္တာကို စွန့်စားခန်းဆန်ဆန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရင်ခုန်စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
Reviewed by Rudie
Translated By Sarah, Hnin Su, Benni & Rudie
Reviewed By Cukar