
Turning Red (2022)
=================
ကဲ ယခုတစ်ခေါက်မှာတော့ Animation ချစ်သူတွေအတွက် အလှည့်ကျလို့လာပါပြီ ၊ Disney plus animation ရုပ်ရှင်တွေက ကြည့်ရှုသူတွေကို ဘယ်တော့မှ စိတ်မပျက်စေခဲ့သလို ဒီတစ်ခါမှာလည်း ချစ်စရာ၀က်ဝံနီလေးနဲ့ တစ်မျိုးဆန်းသစ်လို့ ပွဲထွက်လာပါတော့တယ် ၊ ဒါ့အပြင် RT 95% IMDb 7.1စတဲ့ rating ကောင်းတွေလည်း ရရှိထားပါသေးတယ် ၊ ကဲပါ လေဆက်မဖုတ်မနေတော့ဘဲ ဇာတ်လမ်းအကျဉ်းဆီ သွားလိုက်ကြတာပေါ့
ဇာတ်လမ်းလေးကတော့ မေလင်လီဆိုတဲ့ တရုတ်ကလေးမလေးဟာ သူ့ရဲ့ တရုတ်မိသားစုနဲ့အတူ ကနေဒါနိုင်ငံ ၊ တိုရွန်တိုမြို့မှာ နေထိုင်ကြပါတယ် ၊ သူမအသက်က ၁၃နှစ်ဖြစ်ပြီး ကျောင်းမှာဆိုလည်း ဘက်စုံထူးချွန်တဲ့သူပေါ့ ၊ သူမမိဘတွေကတော့ တိုရွန်တိုမြို့ရဲ့ ရှေးကျတဲ့ ဘုရားကျောင်းတွေထဲက တစ်ခုကို လုပ်ကိုင်လျက်ရှိပါတယ် ၊ သူ့အိမ်စီးပွားရေးကိုလည်း သူတတ်နိုင်သရွေ့ ကူညီရင်း ပညာရေးဘက်မှာလည်း မလစ်ဟင်းအောင် ကြိုးစားရင်း မိဘတွေချစ်တဲ့ သမီးလိမ္မာလေးဖြစ်အောင် နေနေတာပေါ့ ၊ မိဘတွေဆီက သူမကို စိတ်ပျက်သွားမှာကို တအားစိုးရိမ်တတ်သူလည်း ဖြစ်ပါတယ် ၊ တစ်ဖက်မှာလည်း လူငယ်ပီပီ အများတန်းတူ သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်စိတ်လေးက ရှိနေပြန်ပါတယ် သူတို့မိသားစုနဲ့ ပတ်သက်ပြီး နောက်ထပ်ထူးခြားတဲ့တစ်ချက် ရှိနေပါသေးတယ် ၊ သူမတို့မိသားစုကို သူမတို့ရဲ့ ဘိုးဘေး ဆန်းယီဆိုတဲ့ အမျိုးသမီးက စောင့်ရှောက်ထားတယ်ဆိုတဲ့ အချက်ပါ၊
အဲဒီဆန်းယီဟာ လူ့ဘ၀တုန်းက တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ခဲ့သူဖြစ်ပြီး အဲဒီထဲမှာမှ ၀က်ဝံနီလေးကိုတော့ အချစ်ရဆုံးဖြစ်ပါတယ်တဲ့ ၊ အဲဒီ၀က်ဝံနီလေးက အဲဒီတည်းက သူတို့မိသားစုကို ကူညီဆောင်မပေးတယ်လို့ ယုံကြည်ထားကြတာပါ ၊ တစ်နေ့တော့ မေလင်လီရဲ့ လူငယ်သဘာ၀အရှုပ်တော်ပုံလေးတစ်ခုကြောင့် မေ့မေ(မေလင်လီ) တစ်ယောက် အရှက်ကွဲရတဲ့အဖြစ်လေး ဖြစ်ခဲ့ပါတယ် ၊အဲဒီညမှာ သူမစိတ်တွေရှုပ်ထွေးပြီး စိတ်ညစ်ညစ်နဲ့ အိပ်ချလိုက်တာပေါ့ ၊ မနက်လည်းရောက်ရော သူမကိုယ်က ၀က်ဝံနီလေးအဖြစ် ပြောင်းလဲနေပါတော့တယ် နောက်တော့ သူမပြောင်းလဲရတဲ့ အကြောင်းရင်းကို သိသွားပါတော့တယ် ၊
သူစိတ်ရှုပ်ရင် ၀က်ဝံနီလေးဖြစ်ပြီး စိတ်ပြန်ပြီး တည်ငြိမ်သွားတာနဲ့ လူပုံပြန်ဖြစ် ဒီလိုပဲ ဖြစ်နေရတာပါ ၊ သူမမိသားစုရဲ့ တင်းကြပ်လှတဲ့ စည်းကမ်းတွေ မျှော်မှန်းချက်တွေကြောင့် စိတ်ရှုပ်ရလိုက် ၀က်ဝံနီလေးဖြစ်လိုက် ၊ သူ့သူငယ်ချင်းတွေကြောင့် စိတ်အေးချမ်းရရင် ပြန်အဆင်ပြေလိုက် ၊ ဒီလိုနဲ့ စည်းကမ်းတင်းကြပ်လှတဲ့ မိသားစုနဲ့ ၀က်ဝံနီလေးတို့ ဘယ်လိုတွေ စခန်းသွားကြမလဲ ၊ ဘယ်လိုအခွီလေးတွေ တွေ့ရမလဲ ၊ ၀က်ဝံနီလေးကလည်း ကြည့်နေရင်းကို ပြေးဖက်ချင်စိတ်ဖြစ်လောက်အောင် ချစ်စရာကောင်းတာမို့ Disney plus animation movie တွေထဲ ကြည့်ရှုသင့်ကြောင်း recommend ပေးလိုက်ချင်ပါတယ်
Review by Sunny
Translated by Sunny, N3XO , Keith, Drunk & Sanary
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link >https://play.google.com/store/apps/details?id=com.goldchannel.app