window.dataLayer = window.dataLayer || []; function gtag(){dataLayer.push(arguments);} gtag('js', new Date()); gtag('config', 'G-RHKW6HGVZY');
Troll (2022)ဒီဇာတ်ကားလေးက Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ နော်ဝေး monster ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။နိုရာက ငယ်စဉ်ကတည်းက သူ့အဖေပြောပြတဲ့ အိပ်ရာဝင်ပံုပြင်တွေနဲ့ ကြီးပြင်းလာကာ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နိုရာရဲ့ အဖေကတော့ ဒဏ္ဍာရီတွေနဲ့ ရိုးရာပုံပြင်တွေကို လေ့လာတဲ့ ပါမောက္ခတစ်ယောက်ပါ။ တစ်ရက်သူတို့မြို့လေးမှာ ဥမင်လှိုဏ်ခေါင်းတူးရင်း မှင်စာအကြီးကြီးတစ်ကောင် ပေါ်ထွက်လာပါတော့တယ်။ မှင်စာက မြို့ကိုအန္တရာယ်ပေးလာတဲ့အခါ နော်ဝေးအစိုးရအဖွဲ့နဲ့ နိုရာတို့သားအဖ ဒီမှင်စာပြဿနာကို ဖြေရှင်းကြရမှာပါ။လက်ရှိမှာ IDMB rating 8.9/10 ရရှိထားပြီး ဇာတ်ကားနာမည် “Troll”ဆိုတဲ့အတိုင်း နော်ဝေးရိုးရာ မှင်စာဒဏ္ဍာရီတွေကို CGI effect ကောင်းကောင်းနဲ့ကြည့်ရှုသွားကြရမှာပါဖြစ်ပါတယ်။
Reviewed & Translated by AtoZ
Encoded by Siran