
To All the Boys: Always and Forever (2021)
==================================
လူချောလေး ပီတာနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး လာရာဂျီင်းတို့ရဲ့ တတိယမြောက်ဇာတ်လမ်းလေးပါ။ ပထမဇာတ်လမ်းမှာတုန်းက ဟန်ဆောင်ရည်းစားဘ၀ကနေ အရမ်းချစ်ကြတဲ့ချစ်သူတွေအဖြစ် ရောက်ရှိသွားကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့အတူ၊ ဆယ်ကျော်သက်လေးတွေရဲ့ ဘ၀လမ်းကြောင်းရွေးချယ်မှု၊ မိသားစုဘ၀နဲ့ မိဘနဲ့သားသမီးကြားက မေတ္တာကိုလည်း ဖော်ပြထားတာကြောင့် ရသစုံပြီး ချစ်စရာအရမ်းကောင်းပါတယ်။
အထက်တန်းစီနီယာကျောင်းသား/သူတွေ ဖြစ်လာတဲ့ လာရာဂျီင်းတို့နှစ်ယောက် တက္ကသိုလ်၀င်ခွင့်တွေ လျှောက်ကြတဲ့အခါ၊ အငြင်းပွားစရာလေးတွေ ဖြစ်လာပါတယ်။ အချစ်တစ်ခုတည်းကို ဦးစားပေးရမလား၊ ကိုယ့်အိပ်မက်ကို အပျောက်ဆုံးခံမလားဆိုတာ လာရာဂျီင်းတစ်ယောက် လွန်ဆွဲခဲ့ရပါတယ်။ တစ်နည်းအားဖြင့် သူတို့နှစ်ယောက်ရဲ့အချစ်ကို စမ်းသပ်တာလို့ပဲ ဆိုရမှာပါ။
အချစ်စစ်ကမဖြောင့်ဖြူးဘူးဆိုသလိုပဲ၊ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့ ဘ၀တစ်ဆစ်ချိုးမှာ သူတို့ရဲ့အချစ်ရေးဟာ အကွေ့အကောက်လေးတွေ ကြုံလာရပုံကို ချစ်စရာကောင်းစွာ ရိုက်ကူးထားတဲ့ အချစ်ဇာတ်မြူးကားကောင်းလေး ဖြစ်ပါတယ်။ အရမ်း ‘ရို’ သလို အရမ်းလည်းချစ်စရာကောင်းတာကြောင့် အချစ်ဇာတ်လမ်းကြိုက်သူတွေ လက်မလွတ်တမ်းကြည့်သင့်ပါတယ်။
To All the Boys ဟာ ၃ ကားထွက်ထားပြီး အရှေ့က ၂ ကားကို မကြည့်ထားရင်လည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဒါပေမဲ့ ၃ ကားလုံး ကြည့်ဖြစ်ရင်တော့ ဇာတ်ကောင်တွေနဲ့ ပိုရင်းနှီးပြီး ကြည့်လို့ပိုကောင်းမှာပါနော်။
Translated and Review by Cherry
Encoded by Noah
Quality – Web
Size – 1GB / 440MB
IMDB – 6.4
Genres – Comedy, Drama, Romance
Run Time – 1 Hr 49 mins