
The Unbearable Weight of Massive Talent
ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Nicholas Cage ရဲ့ အသစ်ထွက်ရှိထားတဲ့ action comedy ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်
ဒီကားလေးရဲ့ ထူးခြားချက်ဟာဆိုရင် ဇာတ်ကောင်ဟာ Nicholas Cage ကိုယ်တိုင်ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့ အစမှာတော့ Nick ဟာသူနဲ့လက်လှမ်းမမှီတဲ့ ဇာတ်ကောင်နေရာတွေကိုရဖို့ ကြိုးစားနေတာကို မြင်ကြရမှာပါ သူ့ရဲ့ဇနီးဟောင်းနဲ့သမီးကြားက ဆက်ဆံရေးဟာဆိုရင်လည်း တိမ်းစောင်းနေပါပြီ
တစ်နေ့မှာတော့ Nick ဟာ ဘီလျံနာသူဌေး Javi ရဲ့မွေးနေ့ပွဲကိုတက်ဖို့ ဒေါ်လာ ၁၀ သိန်းကမ်းလှမ်းခံခဲ့ရပါတယ် သူဟာကမ်းလှမ်းတာကို လက်ခံပြီးမွေးနေ့ပွဲကိုသွားတဲ့အချိန်မှာ CIA အေးဂျင့်တွေက Javi ကိုတရားမဝင်လက်နက်တင်သွင်းသူအထင်နဲ့ လိုက်ဖမ်းနေတာကို သိလိုက်ရပါတော့တယ်
ဒါနဲ့ပဲ Nick ဟာ CIA အေးဂျင့်တွေကို ကူညီပြီး Javi အကြောင်းကို လျှို့ဝှက်စုံစမ်းပါတော့တယ် Javi ဟာတကယ်ပဲ မသမာသူဖြစ်နေမလား Nick ရဲ့ဘဝကကော ဘယ်လိုဆက်ဖြစ်မလဲ ဇနီးဟောင်း၊သမီးတို့နဲ့ကော ပြန်အဆင်ပြေသွားမလားဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ
Action နဲ့ဟာသအနှောလေးတွေပါတဲ့ ဇာတ်လမ်းလေးမလို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ Nickolas Cage ရဲ့ရုပ်ရှင်တွေကိုလည်း ဇာတ်လမ်းတစ်လျှောက်ထည့်ပြောထားတာဖြစ်လို့ မင်းသားကြီးရဲ့ ဖန်တွေ အကြိုက်တွေ့မဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
Reviewed by Iviee
Translated by MaryChrist, Viviun Kim, Trans Minerva & Iviee
Encoded By Cukar