The Spy Who Fell to Earth (2019)
[Historical Documentary] [Based on the book of Dr. Ahron Bregman]
1948ခုနှစ်မှာ ဂျူး(အစ္စရေး)တွေရဲ့ ပုန်ကန်ထကြွမှုကနေ Arab-Israeli ပဋိပက္ခစတင်ခဲ့ပါတယ်။ နိုင်ငံနှစ်နိုင်ငံဟာ ရသမျှသတင်းတွေကို အသုံးချပြီး အပြန်အလှန်ဒုက္ခပေးဖို့ချောင်းနေတာပါ။ အဲ့အချိန်မှာပဲ အီဂျစ်လူမျိုး Ashraf Marwanဟာ အစ္စရေးဆီမှာ Agent အဖြစ်ဝင်ခဲ့ပါတယ်။ အစ္စရေးအတွက် အရေးကြီသတင်းတွေပေးနိုင်ခဲ့လို့ သူ့ကို အီဂျစ်ရဲ့သစ္စာဖောက်လို့ယုံကြည်ပြီး အားကိုးခဲ့ကြပါတယ်။ ဒါပေမယ့် 1973 Yom Kippurစစ်ပွဲမှာတော့ သတင်းမှားပေးခဲ့လို့ အစ္စရေး အရေးနိမ့်ခဲ့ရပါတယ်။ အဲ့ကိစ္စကြောင့်ပဲ Marwanဟာ Double Agentလို့သတင်းထွက်ခဲ့တာပါ။ Ahron Bregmanဆိုတဲ့ အစ္စရေးလူမျိုးသမိုင်းပညာရှင်တစ်ယောက်က Ashraf Marwanဟာ Double Agentလို့ စာအုပ်ထုတ်ပြီး မကြာခင်မှာပဲ Marwanဟာ သေသွားခဲ့ပါတယ်။ သူဘာကြောင့်သေသွားတာလဲ??? ………………………………………………………..
အစ္စရေးကတော့ Marwanဟာ သူတို့ရဲ့ Agentလို့ယုံကြည့်နေတာပါ။ ပြီးတော့ Ahron Bregmanရဲ့ စာအုပ်ကြောင့် အီဂျစ်က Marwomကို သစ္စာဖောက်မှုနဲ့သတ်သွားတယ်လို့ပြောပါတယ်။ အီဂျစ်ကတော့ Marwanဟာ အစကတည်းက အီဂျစ်ဘက်တော်သားဖြစ်ပြီး အစ္စရေးကို တမင် သတင်းအမှားပေးခဲ့တာပါလို့ ပြောပါတယ်။ Marwanရဲ့မိသားစုကတော့ သူဟာ အီဂျစ်မျိုးချစ်ပုဂ္ဂိုလ်တေစ်ယောက်ပါ။
Ahron Bregmanရဲ့ စွပ်စွဲချက်ကြောင့် စိတ်ဖီးပြီး suicide လုပ်သွားတယ်လို့ပြောပါတယ်။ ဘယ်ဟာကအမှန်တရားလဲ?
ဒီDocumentaryမှာဆိုရင် ရှုပ်ထွေးတဲ့နိုင်ငံရေးတွေအပြင် ကိုယ်လက်ခံထားတဲ့ အမှန်တရားက မှားနေမှာကို မရင်ဆိုင်ရဲတဲ့ Getlemanတချို့ရဲ့အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပြီးတော့ Ahron Bregmanရဲ့ Marwanအကြောင်းဖော်ထုတ်မိလို့ရတဲ့နောင်တ, သူတို့နှစ်ယောက်ရဲ့ ဆန်းကြယ်တဲ့ relationshipကိုပါ တွေ့ရမှာပါ။
Ashraf Marwanဟာ Double Agentဟုတ်မဟုတ်ကိုတော့ အီဂျစ်ကပြောပြမယ့် အချိန်ကို စောင့်နေဖို့ပဲ ရှိတာပါ……
Translated by KiKi
Encoded by Ada
imdb – 6.7
genre – Documentary, Mystery
run time – 1hr34min