
2020 မှာ COVID-19 pandemic ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်မှုတွေကို အခြေခံပြီး စိတ်ကူးယဉ်ရိုက်ထားတဲ့ဇာတ်လမ်းတွေ အများကြီးပေါ်လာပါတယ်။ ဒီနေ့မှာတော့ ထိုင်ဝမ်က လက်စွမ်းပြထားတဲ့ virus ကားတစ်ကားကို GC ပရိသတ်ရှေ့မှောက်ချပြပေးသွားမှာပါ။
ထိုင်ဝမ်မှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ Alvin ဆိုတဲ့ virus ကူးစက်မှုတွေလည်း မြင့်တက်လာပါတယ်။ ဒါပေမဲ့ virus ကူးပြီးရင်လည်း သာမန်အအေးမိနှာစေးပဲဖြစ်လို့ ဆေးရုံကလည်း ပြန်လွှတ်လိုက်တာဆိုတော့ လူတွေက အရေးမထားတော့ပါဘူး။ Mask မတပ် ဘာမတပ်နဲ့ လျှောက်သွားနေတာပေါ့နော်။ အဲဒီလိုကာလမှာ ခရီးထွက်ဖို့ ခွင့်တင်ထားတဲ့ ကတ်တင်းဆိုတဲ့ကောင်မလေးနဲ့ ခရီးသွားမယ့်နေ့မှာတင် အလုပ်ရှိတယ်ဆိုတဲ့ သူ့ရည်းစားလေး အားကျင်တို့နှစ်ယောက် လောကကြီးဘာဖြစ်နေမှန်းမသိဘဲ နှစ်ယောက်သား စကားပိစိလေးများပြီး အလုပ်သွားကြတာပေါ့။ ကတ်တင်းကို ဘူတာရုံဆီလိုက်ပို့ပြီး ပြန်ရောက်လာတဲ့ အားကျင်တစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ကော်ဖီမှာနေတဲ့အချိန် လူတွေ ဘာအကြောင်းမှမရှိဘဲ ရူးနေတဲ့အတိုင်း အချင်းချင်းထိုးသတ်နေတာတွေ မြင်လိုက်ရတဲ့အခါ၊ ကတ်တင်းကလည်း ရထားပေါ်မှာ လောကကြီးကိုမေ့ပြီး စာအုပ်ဖတ်နေတုန်း ရထားပေါ်က ဇွပ်ဇွပ်ဇွပ် လူသတ်ပွဲနဲ့ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါ။
Virus အကူးခံရသူတွေရဲ့ သွေးသံရဲရဲကြားက ရူးသွပ်နေတဲ့အပြုံးတွေ၊ ခြောက်ခြားစရာကောင်းတဲ့စကားသံတွေကို ကြားရပြီးနောက်မှာ သူတို့နှစ်ယောက် လွတ်ရာကျွတ်ရာပြေးနိုင်ပါ့မလား။ နိုင်ငံအရေးပေါ်အခြေအနေသတ်မှတ်ခံနေရတဲ့ ကာလမှာ သူတို့နှစ်ယောက်ပြန်ဆုံနိုင်မလားဆိုတာကိုတော့ IMDb 6.5, ခရမ်းချဉ်သီးပုပ် 🍅 မှာ 95% တောင်ရထားတဲ့ The Sadness ဆိုတဲ့ကားမှာ ကြည့်ကြရမှာပါ။ နာမည်နဲ့လိုက်အောင် ဝမ်းနည်းရမှာတင်မကဘဲ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ၊ သွေးထွက်သံယိုတွေ ပါဝင်တာမို့လို့ Gore တာကို မကြိုက်တဲ့သူတွေ၊ အသက်မပြည့်တဲ့ကလေးငယ်တွေ မကြည့်ဖို့ 🔞နဲ့ ရည်းစားရှိရင် 👩❤️👨တူတူဖက်ကြည့်ဖို့ MCနဲ့ Egg က တိုက်တွန်းချင်ပါတယ်။ (ကိုယ်တွေလို solo ဆိုရင်တော့ ညမအိပ်ပါနဲ့တော့ 🥲)
Translated by Mary Christ & Egg
Reviewed by Egg
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link > https://play.google.com/store/apps/details?id=com.goldchannel.app