
The Pale Blue Eye (2022)
ဒီတစ်ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေ ပဟေဠိဆန်ဆန်ဖော်ထုတ်ရတဲ့ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ GC Verse တို့အတွက် Mystery, Crime ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက rating အရလည်း IMDb မှာ 6.7နဲ့ Rotten Tomatoes မှာ 66% အထိရရှိထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးမှာတော့ အမေရိကန်စစ်သင်တန်းကျောင်းက ဗိုလ်လောင်းတစ်ယောက်ဟာ ကြိုးဆွဲချသေသွားခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ထိုဗိုလ်လောင်းဟာ သတ်သေခြင်းမဟုတ်ဘဲ အသတ်ခံရခြင်းဖြစ်ပြီးတော့ သူ့ရဲ့နှလုံးဟာလည်း ထုတ်ယူခံထားရပါတယ်။ ထိုအမှုကို စစ်ဆေးဖို့အတွက် မစ္စတာ လန်ဒေါတစ်ယောက်ဟာ စစ်သင်တန်းကျောင်းမှ ဆင့်ခေါ် ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ စုံစမ်းကြည့်လိုက်တဲ့အခါ အဲဒီအမှုက ထင်သလောက်မရိုးရှင်းတာကို မစ္စတာ လန်ဒေါ တွေ့ရှိခဲ့ပါတယ်။ ထိုအမှုဟာ မရိုးရှင်းတဲ့အပြင် ပဟေဋ္ဌိဆန်တဲ့ အောက်လမ်းပညာတွေပါ ပါဝင်ပတ်သတ်နေတာကို တွေရှိခဲ့ပြီး ဗိုလ်လောင်းများဟာလည်း တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာကာ အမှုတွေကရှုပ်ထွေးလာခဲ့ပါတယ်။ ထိုရှုပ်ထွေးတဲ့အမှုတွေကို မစ္စတာ လန်ဒေါဟာ ဗိုလ်လောင်း အက်ဂါအေ ပိုးနဲ့ ပူးပေါင်းပြီး ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို Gold Channel မှာကြည့်လိုက်ကြရအောင်။
Reviewed & Translated by MHY
Encoded by Hubin