
The Novice (2021)
================
ဒီဇာတ်လမ်းဟာ Dec 17 ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး Dark Psychology Horror အမျိုးအစားဖြစ်ပါတယ်၊ IMDb rating 6.4 ရရှိထားတဲ့အပြင် Tribeca Film Festival မှာ The Best U.S Narrative Feature Film Prize ရရှိထားပါတယ် ၊ Deauville Film Festival နဲ့ Film Independent Spirit Awards တွေမှာလည်း Nomi များစွာ ၀င်ထားပါသေးတယ်
Alex ဟာ ငယ်စဉ်ကတည်းက Challenge တွေ အရမ်းလုပ်ခိုင်းတဲ့ အမေဖြစ်သူနဲ့ အရမ်းနှိမ်တတ်တဲ့ အစ်ကိုဖြစ်သူကြောင့် ဘယ်အရာမှာမဆို သူများထက် သာအောင် ကြိုးစားရင်း အမြဲ ထိပ်ရောက်နေမှ ကျေနပ်သူပါ ၊ ဒီလို Alex ဟာ အထက်တန်းအောင်ပြီးလို့ တက္ကသိုလ်ရောက်လာတယ်ပေါ့ ၊ တက္ကသိုလ်မှာလည်း စာမေးပွဲဖြေရင် တစ်ခါနဲ့ မကျေနပ်ဘဲ အဖြေလွှာ အသစ်တွေ ထပ်ထပ်တောင်းပြီး သုံးခါလောက် ဖြေပြီးမှ သူများနောက်ဆုံးမှ အဖြေလွှာအပ်တတ်သူပါ ၊ Academic ဘက်မှာတင် ကြိုးစားတာမဟုတ်ဘဲ သူဟာ တက္ကသိုလ်က လှေလှော်အသင်းထဲကို ၀င်ထားပါသေးတယ် ၊ လှေလှော်အသင်းမှာ တက်သစ်စတွေဆိုတော့ သူများထက် ပိုကြိုးစားရင်း သူနဲ့ တန်းတူတွေထဲ သူထိပ်ဆုံး ရောက်ဖို့အရေး ဘာပဲလုပ်ရလုပ်ရ ဘယ်လိုပဲ ကြိုးစားရကြိုးစားရ အစွမ်းကုန်ကြိုးစားတာပေါ့ ၊ သူ မလုပ်နိုင်တဲ့အခါမျိုးမှာဆို သူ့ကိုယ်သူ နာကျင်အောင် လုပ်တာမျိုးတွေအထိလည်း အပြစ်ပေးတတ်သေးတယ်၊ သူ့ကြိုးစားပုံက Psycho ဆန်ပြီး နည်းနည်း ကြောက်စရာကောင်းတာပေါ့နော် ၊ ဒီလိုနဲ့ Psycho Alex တစ်ယောက် လှေလှော်အသင်းမှာ ထိပ်ဆုံးရောက်ဖို့ဘယ်လိုတွေ ကြိုးစားမလဲဆိုတာ GC မှာ ကြည့်လိုက်ရအောင်နော်
Translated by Sunny, Mary Christ & C’mon
Reviewed by Sunny