
The New Mutants (2020)
=======================
ဒီတစ်ခေါက် ပရိတ်သတ်တို့ကိုတင်ဆက်ပေးမှာ တော့ Marvel ကနေ အသစ်ထွက်ရှိထားတဲ့ The New Mutants ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Mutants ဆိုတာနဲ့ Avengers Universe ဘက်က မဟုတ်မှန်းသိကြမှာပါ။
X-men တွေဘက်ကပေါ့နော်။ ဒီကားမှာက ပုံမှန် စူပါဟီးရိုး ကားတွေနဲ့မတူတာက ကမ္ဘာကြီးကိုဝိုင်းပြီး ကယ်တင်ကြတဲ့ကားမျိုးမဟုတ်ပဲ Horror ဘက်ကိုသွားတဲ့ ရသမျိုးပေးပါတယ်။
Mutants ဆိုတာတွေကို ကျွန်တော်တို့တွေ X men ကားတွေထဲမှာ မြင်တွေနေဖူးကြမှာပါ။
ဒီအခုထွက်ရှိလာတဲ့ ကားကလည်း ပြောကြားချက်တွေအရတော့ Fox Marvel Production ကနေထွက်ရှိထားတဲ့ X Men Universe နဲ့ ချိတ်ဆက်လာနိုင်တယ်လို့လည်း ပြောထားကြပါတယ်။
တစ်ချို့ကလည်း ဒီရဲ့ ဇာတ်ကားက Super hero team တစ်ခုအနေနဲ့ ရပ်တည်လာနိုင်တယ်လို့လည်း ပြောထားပါတယ်။
ဒါပေမယ့် တစ်ချို့ဇာတ်၀င်ခန်းတွေက Logan ကားထဲက ပုံစံအတိုင်း ပါရှိနေတာကိုတွေ့ရမှာပါ။
ဒီကားမှာ ဒန်နီရယ်မွန်းစတားဆိုတဲ့ ဆယ်ကျော်သက် မျုတန့်( သန္ဓေပြောင်းလူသား)ကောင်မလေးက အခြားဆယ်ကျော်သက် မျုတန့် လေးယောက် နဲ့အတူ ထွက်လမ်းမရှိတဲ့ အဆောက်အဦး ထဲမှာ ဒေါက်တာရိစ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်အောက်မှ ာထိန်းသိမ်းထားခြင်းကိုခံရပါတယ်။
ဒေါက်တာရိစ်က သူတို့ကို အကြောင်းအမျိူးမျိူးပြပြီး စမ်းသပ်မှုတွေနေ့စဥ်လုပ်ပါတယ်။
ဒီလိုနဲ့ ဒုတိယရက်ရောက်တဲ့အချိန်မှာ သူမက
သူမရဲ့ ပုံစံအတိုင်း ဖမ်းချုပ်ခံရတဲ့ Mutants တွေနဲ့ ရေးနိ့စ်တို့ ဆွေးနွေးနေတဲ့စကား၀ိုင်းထဲကို ၀င်ရောက်သွားရာကနေ အချင်းချင်း ခင်မင်သွားပါတော့တယ်။
ဒါပေမယ့် ဒန်နီရဲ့ အစွမ်းဖြစ်တဲ့ Mirage power က တစ်ဖြည်းဖြည်းကြီးမားလာချိန်မှာ
ဒေါက်တာ ရေးနိစ့်က သူ့ကို အဆုံးစီရင်ဖို့ လုပ်ဆောင်ပါတော့တယ်။
Mirage power ဆိုတာက သဋေပြောင်းလူသားတွေနဲ့ ကူးသန်းဆက်သွယ်နိုင်တဲ့ပါ၀ါတစ်မျိုးပါ။
အဲ့ဒါက အတွင်းစိတ်ထဲမှာရှိနေတဲ့ Desires နဲ့ Fears တွေကို Illusion အနေနဲ့ထွက်ပေါ်လာစေတာပါ။
ဆိုတော့ အဲ့ဒီပါ၀ါကို သူမရဲ့ အတူတူ ချုပ်နှောင်ခံရတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဆမ်၊ ရီယာနာ၊ ရိုဘာတို၊ ရာနီ တို့အပေါ် သက်ရောက်လာတဲ့အခါ…
သူတို့တွေဘယ်လိုရုန်းကန်ကြမလဲ….
ဒန်နီကရော အသက်ဘေးက လွတ်မြောက်မလား….
သူ့သူငယ်ချင်းတွေကရော ဒန်နီကိုကယ်တင်နိုင်မလားဆိုတာ….
ရင်ခုန်စွာနဲ့ကြည့်ရမှာပါ……
Translated and Review by KyawHtet WinThein & KG Zarni
Encoded by Noah
Quality – Bluray
Size – 900MB / 350MB
IMDB – 5.5
Genres – Action, Horror, Sci-fi
Run Time – 1 Hr 34 mins
ty