What's happening?

Video Sources 6489 Views Report Error

  • Watch traileryoutube.com
The Mauritanian (2021)

The Mauritanian (2021)

Feb. 12, 2021UK129 Min.R
Your rating: 0
10 1 vote

Synopsis

The Mauritanian (2021)
===================

ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတာ အတော်စိတ်၀င်စားစရာကောင်းပါတယ်။ အမေရိကန်က 9/11 အကြမ်းဖက်တိုက်ခိုက်မှုကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ Mohamedou Ould Salahi ရဲ့ ကိုယ်တွေ့ဇာတ်လမ်း Guantanamo Diary စာအုပ်ကို အခြေခံထားတာပါ။

ဆလာဟီဟာ အိုစမာဘင်လာဒင်ဦးဆောင်တဲ့ Al Qaeda အဖွဲ့အတွက် လေယာဉ်အပိုင်စီးသူတွေကို အလုပ်သွင်းပေးသူ၊ ဘင်လာဒင်နဲ့အဆက်အသွယ်ရှိသူအဖြစ် စွပ်စွဲဖမ်းဆီးခံခဲ့ရပါတယ်။ အမေရိကန်က နိုင်ငံရေးအကျဉ်းသားတွေ၊ အကြမ်းဖက်သမားတွေကို သီးသန့်ခွဲထားတဲ့ ကျူးဘားက Guantanamo အကျဉ်းထောင်မှာ ထိန်းသိမ်းခံရတာအပါအ၀င် စုစုပေါင်း ၁၄ နှစ်ကျော် တရားရင်ဆိုင်ရခြင်းမရှိဘဲ ထိန်းသိမ်းခံခဲ့ရတာပါ။

ဘင်လာဒင်ဆီမှာ အလုပ်လုပ်တဲ့အစ်ကို၀မ်းကွဲနဲ့ ဖုန်းပြောမိရာကစလို့ သံသယရှိသူအဖြစ် ဖမ်းခံလိုက်ရတဲ့ ဆလာဟီဟာ မျှော်လင့်ချက်မဲ့စွာ အထိန်းသိမ်းခံရပြီး ၈ နှစ်အကြာမှာ သူ့ဘက်က ရှေ့နေလိုက်ပေးမယ့် ရှေ့နေမကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ လူပေါင်းများစွာရဲ့အသက်ကို သေစေခဲ့တဲ့ အမှုကြီးမှာ ပါ၀င်ပတ်သက်သူအဖြစ် သံသယရှိခံရသူ ဖြစ်သလို ကိုယ်တိုင်၀န်ခံချက်ရေးထားသူမို့ တွဲဖက်ရှေ့နေမလေးကိုယ်တိုင် အမှုကနောက်ဆုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီ၀န်ခံချက်ရဲ့နောက်ကွယ်မှာ စိတ်ရောကိုယ်ပါ မတရားနှိပ်စက်ခံရမှု၊ အကြပ်ကိုင်ခံရမှုတွေပါ၀င်နေမှန်း သိလာကြရပါတယ်။

အမေရိကန်လို လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့ ဒီမိုကရေစီနိုင်ငံကြီးမှာ တရားရင်ဆိုင်ခွင့်တောင်မရဘဲ သံသယတစ်ခုတည်းနဲ့ ညှင်းပန်းနှိပ်စက် ၀န်ခံခိုင်းပြီး အမေရိကန်စစ်တပ်ရဲ့ နှစ်ရှည်ကြာ ထိန်းသိမ်းခြင်းကိုခံခဲ့ရတဲ့ ဆလာဟီတစ်ယောက် အမှောင်ထဲကအနေ အလင်းကိုရောက်ရှိနိုင်မလား၊ လူ့အခွင့်အရေးကိုအလေးထားတဲ့ ရှေ့နေမကြီးကရော ဘယ်လိုတွေကြိုးစား အမှုရင်ဆိုင်ပေးမလဲ ဆိုတာတွေအပြင် ဆလာဟီတစ်ယောက် ထောင်ထဲမှာရင်ဆိုင်ခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကိုပါ စိတ်၀င်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တကယ်ကိုရှားပါး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးမို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်။

ဒီကားမှာ ပြင်သစ်မင်းသား Tahar Rahim, အမေရိကန်မင်းသမီးကြီး Jodie Foster, မင်းသမီးချော Shailene Woodley တို့နဲ့အတူ နာမည်ကျော်မင်းသားကြီး Benedict Cumberbatch လည်း အားဖြည့်ပါ၀င်ထားပါတယ်။

Translated and Review by Cherry
Encoded by Noah
Quality – Web-dl
Size – 1GB / 490MB
IMDB – 7.4
Genres – Drama, Thriller
Run Time – 2 Hr 9 mins

The Mauritanian (2021)
The Mauritanian (2021)
The Mauritanian (2021)
Original title The Mauritanian
IMDb Rating 7.3 5,793 votes
TMDb Rating 7.5 86 votes

Director

Cast

Tahar Rahim isMohamedou Ould Slahi
Mohamedou Ould Slahi
Jodie Foster isNancy Hollander
Nancy Hollander
Benedict Cumberbatch isLt. Stuart Couch
Lt. Stuart Couch
Shailene Woodley isTeri Duncan
Teri Duncan
Zachary Levi isNeil Buckland
Neil Buckland
Langley Kirkwood isSergeant Sands
Sergeant Sands
Corey Johnson isBill Seidel
Bill Seidel
Matthew Marsh isGeneral Miller
General Miller

Similar titles

A Monster Calls (2016)
Faces of Anne
Monstrum
Dream: 드림 (2023)
The Son
Nizhal (2021)
Back Fork (2019)
Lady and Lover (2016)
Ad Astra (2019)
Mary ( 2019)
Yeonak, My Destiny (2023)
Bela Luna