What's happening?

Video Sources 11457 Views Report Error

  • Watch traileryoutube.com
The Least of These

The Least of These

Feb. 01, 2019USA112 Min.PG-13
Your rating: 0
10 2 votes

Synopsis

The Least of These: The Graham Staines Story (2019)

[Drama] [1h 52m]

ပရိသတ်​ကြီး​ရေ…ဒီတစ်​​ခေါက်​ဇာတ်​ကား​လေးက​တော့ ဖြစ်​ရပ်​မှန်​ကို အ​​ခြေခံပြီး ရိုက်​ထားတဲ့ အိန္ဒိယ ကား​လေးပါ။

Graham Stainesဆိုတဲ့ ဩစ​တေးလျလူမျိုး ခရစ်​ယာန်​သာသနာပြုတစ်​​ယောက်​ အိန္ဒိယမှာ ဘယ်​လိုမျိုး ​ဖြတ်​သန်းခဲ့တယ်​ဆိုတဲ့ အ​ကြောင်းကို ရိုက်​ထားတာပါ။

3 Idiots ထဲက အားလုံးရဲ့ အချစ်​​တော်​ Raju လည်း ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​။

ကဲ ဇာတ်​လမ်းအကျဉ်း​လေးက​တော့ ဒီလိုပါ….

၁၉၉၀ ခုနှစ်​​တွေတုံးက အိန္ဒိယ​ကျေးရွာ​တွေဘက်​မှာ လူမှု​ရေး မငြိမ်​မသက်​ဖြစ်​​နေတဲ့ အချိန်​ပါ။

Manav Banerjeeဆိုတဲ့ ဂျာနယ်​လစ်​တစ်​ယောက်​ဟာ ကိုယ်​ဝန်​သည်​ဇနီးနဲ့ အဲ့ဒီပြည်​နယ်​ဘက်​ကို ​ပြောင်း​ရွှေ့ခဲ့ပါတယ်​။

သတင်းသမားတို့ထုံးစံအတိုင်း သူ့အတွက်​ အကျိုးအမြတ်​များမယ့်​ သတင်းများတဲ့​နေရာကို ​ပြောင်း​ရွှေ့ခဲ့တာ​ပေါ့။

အဲ့ဒီမှာ Graham Stainesဆိုတဲ့ သာသနာပြုဟာ ဆင်းရဲနွမ်းပါးသူ​တွေ, အထူးသဖြင့်​ အနာကြီး​ရောဂါသည်​​တွေကို ကူညီသလိုနဲ့ မက်​လုံး​တွေ​ပေးပြီး ခရစ်​ယာန်​ဘာသာအဖြစ်​ ​ပြောင်း​နေတယ်​လို့ သတင်းထွက်​​နေပါတယ်​။

အဲ့ဒါနဲ့ Manav ဟာ သူ့အ​ကြောင်း အမှန်​တရားကို ​ဖော်​ထုတ်​မယ်​ဆိုပြီး စုံစမ်းခဲ့ပါတယ်​။

အဲ့ဒီမှာ သူ​တွေ့ရှိလာရတာ​တွေက​တော့ အင်​မတန်​နက်​နဲပြီး ရှင်းပြဖို့​တောင်​ ခက်​ခဲတဲ့ အရာ​တွေဖြစ်​​နေတဲ့အခါမှာ​တော့…….

ဒီဇာတ်​ကား​လေးဟာ မေတ္တာရားရဲ့ စွမ်းအား​တွေ, ​မျှော်​လင့်​ချက်​​တွေ, ပြီး​တော့ အမုန်းတရားကို​တောင်​ ​ကျော်​လွှားနိုင်​တဲ့ ခွင့်​လွှတ်​ခြင်းတရား​တွေကို လှပစွာ ပုံ​ဖော်​ပြီး​တော့ ရိုက်​ကူးထားပါတယ်​။

ဖြစ်​ရပ်​မှန်​ဖြစ်​တဲ့အတွက်​​ကြောင့်​ စိတ်​ဝင်​စားစရာလည်း​​ကောင်းပြီး ရသမျိုးစုံကို ​ပေးစွမ်းနိုင်​တဲ့ ဇာတ်​ကား​လေးပါ။

ဗဟုသုတလည်းရ, စဉ်းစား​တွေး​တောစရာ​လေး​တွေလည်း ​ပေးတဲ့ ဇာတ်​ကား​လေးမို့ ကြည့်​ဖို့ တိုက်​တွန်းချင်​ပါတယ်​​နော်​…

IMDb – 6.6/10

Translated by KiKi

Encoded by Ada

 

The Least of These
Original title The Least of These
IMDb Rating 6.3 705 votes
TMDb Rating 5 1 votes

Similar titles

Backcountry (2014)
Cold Pursuit
Bela Luna
The Big Bull (2021)
Nganù
Palipat-lipat, Papalit-palit
Lawless (2012)
The Social Network
1BR
Capernaum (2018) မြန်မာစာတမ်းထိုး
The Villagers (2018)
A Tale of Two Sisters