
The Kindred (2021)
The kindred ဆိုတဲ့ ဇာတ်ကားက လျှို့ဝှက်သည်းဖို အမျိုးအစားပါ၊
ဖခင်ဖြစ်သူက မိမိမျက်စိရှေ့မှာပဲ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာကို မြင်မိတဲ့ ဟယ်လင်ဆိုတဲ့ အမျိုးသမီးရဲ့ ဇာတ်လမ်းပါ၊ သူ့အဖေ သတ်သေတာမြင်သွားတဲ့ ဟယ်လင်တစ်ယောက်လည်း ကားတိုက်ခံရပြီး တစ်နှစ်ကျော်ကြာ ကိုမာဝင်သွားခဲ့ပြီး သတိရလာတဲ့အခါ မှတ်ဉာဏ် အနည်းငယ်ပျောက်ဆုံးသွားခဲ့ပါတယ်၊ဆေးရုံက အဆင်း သူ့အဖေအိမ်မှာပဲပြန်နေရင်းက ကလေးသရဲတစ်ယောက်ရဲ့ ခြောက်လှန့်ခြင်းကိုခံရရင်း သူ့အဖေ ဘာကြောင့် သတ်သေရတယ်ဆိုတာကို စုံစမ်းပါတော့တယ်၊ဟယ်လင်တစ်ယောက်သူ မမှတ်မိတော့တဲ့အကြောင်းတွေကို စုံစမ်းရင်း ဘယ်လို လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိမလဲဆိုတာ စိတ်ဝင်တစား လိုက်ပါ ခံစားရမယ့် ဇာတ်ကားလိူ့ပဲ ညွှန်းခြင်ပါတယ်ရှင်၊ လျှို့ဝှက်သည်းဖို ကြိုက်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းမို့ ကြည့်ရှု ခံစားကြည့်ပါ။
Reviewed & Translated by PhyuWinEi
Encoded by Hubin