What's happening?

Video Sources 751 Views Report Error

  • Watch traileryoutube.com
The Claus Family 2

The Claus Family 2

Dec. 07, 2021BE98 Min.TV-PG
Your rating: 0
7 1 vote

Synopsis

The Claus Family 2 ( 2021)

=========================

ပေါ့ပေါ့ပါးပါးနဲ့ အခုလိုနှစ်ကုန်ခါနီးအချိန်လေးမှာစိတ်အပန်းဖြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ညွှန်းဆိုပါရစေ

ဇာတ်လမ်းပုံစံလေးက စိတ်ကူးယဉ်ဆန်ပေမဲ့ တကယ့်လက်တွေ့နဲ့ယှဉ်တွဲပြထားပါတယ်။ မိဘတွေအဆင်မပြေတဲ့အခါ အခက်ခဲဆုံးနဲ့စိတ်သောကအရောက်ရဆုံးသူတွေကတော့ သားသမီးတွေပါပဲ။

အနည်းငယ်အရွယ်ရောက်နေတဲ့ကလေးတွေအဖို့တော့ ဒီလိုမိဘတွေအဆင်မပြေကြတာကိုနားလည်လက်ခံပြီးရှေ့ဆက်နိုင်ကြပေမဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေအဖို့ သူတို့မိဘတွေပြန်လည်အဆင်ပြေပေါင်းဖက်ဖို့ကိုပဲ တောင်းတနိုင်ကြပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာလဲ မယ်ရီဆိုတဲ့ကလေးမလေးက သူ့မိဘတွေပြန်လည်အဆင်ပြေပြီးပေါင်းဖက်ကြဖို့ ခရစ်စမတ်မရောက်ခင်လေးမှာ ဆန်တာကလော့စ်ဆီကို ပေးဖို့ဆုတောင်းစာလေးနဲ့ပို့လိုက်တာနဲ့ဇာတ်လမ်းလေးကိုစဖွင့်ထားပါတယ်။

ဖြစ်ချင်တော့ အဲ့ဒီ့စာလေးဟာဆန်တာဖိုးဖိုးကြီးကိုမရောက်သွားဘဲ အသစ်စက်စက်ဆန်တာပေါက်စလေးရဲ့လက်ထဲကိုရောက်ရှိသွားပါတော့တယ်။

ဆန်တာဖိုးဖိုးကြီးကတော့ ဒီလိုမျိုးဆုတောင်းစာတွေကိုလစ်လျှူရှုပြီးဖြည့်စည်းပေးလေ့မရှိပေမဲ့ ဆန်တာ ဖိုးဖိုးကြီးရဲ့မြေး‌ဆန်တာပေါက်စလေးကတော့ ခရစ်စမတ်ဆိုတာချစ်ခြင်းတွေ အတူ တကွပေါင်းစည်းခြင်းတွေကိုရည်ညွှန်းတာလို့ ယုံကြည်နေသူမို့ မယ်ရီရဲ့ဆုတောင်းစာလေးကိုလက်ခံပေးဖို့ဖြစ်လာပါတော့တယ်။

ဒါပေမဲ့ဒီလိုလုပ်ပေးဖို့ကို ဆန်တာဖိုးဖိုးကြီးကခွင့်မပြုတဲ့အခါ ဆန်တာပေါက်စလေးကဘယ်လိုတွေလျှို့ဝှက်ပြီး မယ်ရီ့ရဲ့ဆုတောင်းလေးကို ဖြည့်စည်းပေးမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်

Reviewed by YoE

Translated by YoE,DK

Encoded by Siran

The Claus Family 2
The Claus Family 2
Original title Die Familie Claus 2
IMDb Rating 5.6 268 votes
TMDb Rating 6.222 18 votes

Similar titles

Extinct (2021)
The Other Zoey
Swingers (1996)
The Boss Baby (2017)
The Honeymoon
Fatima (2020)
The Real Exorcist
Bhramam (2021)
Galwakdi
The Chronicles of Narnia: The Voyage of the Dawn Treader
Smokin’ Aces
Everything Everywhere All at Once