
Please refer to the attached file and following review as required.
GC Movie ပရိတ်သတ်ကြီးက Horror ကားကြိုက်သူလား..Thriller ကားကြိုက်သူလား…
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါမှာတော့ Horror ရော Thrillerပါ
တစ်ကားတည်းမှာ ကြည့်ရှုလို့ရနိုင်မဲ့ ကားကောင်းလေးတစ်ကားဖြစ်တဲ့
The Black Phone ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..
Gwan နဲ့ Finnyတို့မြို့လေးမှာ ကလေးတွေကိုပြန်ပေးဆွဲမှုတွေမကြာခဏဖြစ်ပွားတတ်ပြီး
အမှုရဲ့လက်သည်ကိုတော့ အားလုံးက Grabber လို့ခေါ်ကြပါတယ်..
Grabber ဘယ်သူလဲ ဘာလို့ကလေးတွေကိုဖမ်းနေလဲမသိနိုင်ဘဲ
ကလေးတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးနေဆဲမှာပဲ Finnyပါ အဖမ်းခံလိုက်ရပါတော့တယ်..
Finnyကိုပိတ်ထားတဲ့ မြေအောက်ခန်းရဲ့ နံရံမှာရှိနေတဲ့ဖုန်းထဲကနေ
ဖုန်းခေါ်ဆိုမှုလက်ခံရခဲ့တဲ့ Finny တစ်ယောက် သူ့ကိုဖုန်းခေါ်တဲ့သူတွေဟာ
အရင်ကပျောက်ဆုံးနေတဲ့ ကလေးတွေမှန်းသိလိုက်ရတဲ့အခါ..
အဲဒီကလေးတွေဟာလည်း အသက်ရှင်လျက်မရှိတော့တဲ့
ဝိညာဉ်တွေဖြစ်နေမှန်း နားလည်သွားတဲ့အခါ..
တစ်ဖက်မှာလည်း မကြာခဏထူးဆန်းတဲ့အိပ်မက်တွေမက်လေ့ရှိတဲ့ Gwanက
Finnyရဲ့မြေအောက်ခန်းအကြောင်း အိပ်မက်တွေမက်လာတဲ့အခါ..
Gwanရဲ့အိပ်မက်တွေကနေတစ်ဆင့် Finnyဆီရောက်အောင်သွားနိုင်ပါ့မလား..
Finnyရော Grabberလက်ထဲကနေ အသက်ရှင်လျက်လွတ်မြောက်လာနိုင်ပါ့မလား..
ဆိုတာ သည်းတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်..
Reviewed by Hnin Su
Translated by Hnin Su, Benni, Monn & C’mon