The Billionaire (2011)မြန်မာစာတမ်းထိုး
Tao Kae Noi တံဆိပ်နဲ့ရေညှိကြော်ထုပ်တွေကိုအားလုံးသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲ့ရေညှိကြော်ကုမ္ပဏီရဲ့တည်ထောင်သူကိုစိတ်ဝင်စားကြတဲ့သူနည်းပါလိမ့်မယ်။ ”The Billionaire”ဆိုတဲ့ထိုင်းဇာတ်ကားကောင်းလေးဟာ Tao Kae Noiရဲ့တည်ထောင်သူအကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ တော့ပ်ဟာဂိမ်းအရမ်းကစားတဲ့လူငယ်ကျောင်းသားလေးတစ်ဦးပါ။ဂိမ်းကစားရာကနေလဲဂိမ်းထဲကhero spellတွေကိုလဲအပြင်မှာပြန်ရောင်းပြီးတော်ပိုက်ဆံရှာတတ်တဲ့သာပါပဲ။ကျောင်းစာကိုစိတ်မဝင်စားတဲ့တော့ပ်ကိုသူ့အဖေကသိပ်ပြီးဘဝင်မကျလှပါဘူး။မိဘနှစ်ပါးလုံးဟာတော့ပ်ကိုအစ်ကို အစ်မတွေလိုပညာတတ်ကြီးဖြစ်စေချင်ပေမဲ့စာကိုစိတ်မဝင်စားနဲ့တော့ပ်ဟာသူလုပ်ချင်ရာကိုဆက်လုပ်နေဆဲပါပဲ။နောက်ဆုံးသူ့မိဘတွေစီးပွားရေးကျဆင်းလာပြီးဘဏ်ကနေပိုင်ဆိုင်သမျှအားလုံးကိုအကြွေးနှင့်သိမ်းတော့မယ်ဆိုကာမှတရုတ်ကိုမိသားစုလိုက်ပြောင်းရွှေ့ဖို့အချိန်ကျလာခဲ့ပါတယ်။အကြွေးဆပ်ချင်တဲ့တော့ပ်ဟာကျောင်းတက်တာကိုအကြောင်းပြပြီးကျန်ရစ်ခဲ့ရာကလုပ်ငန်းတစ်ခုတည်ထောင်ဖို့ကြိုးစားတဲ့အခါမှာတော့ တက္ကသိုလ်ပထမနှစ်တောင်မအောင်သေးတဲ့သူ့အတွက် ဘယ်လိုလောကဓံတရား ဘယ်လိုအခက်အခဲတွေကဆီးကြိုနေမလဲ ဂိမ်းကိုစိတ်ဝင်စားပြီးအပြင်လောကအကြောင်းဘာမှမသိတဲ့သူ့အတွက်ဘယ်လိုရိုက်စားအလုပ်ခံရမလဲ။ အခုအချိန်မှာအတိုင်းအတာတစ်ခုအထိအောင်မြင်နေတဲ့သူ့လုပ်ငန်းကိုရောဘယ်လိုကြိုးပမ်းတည်ထောင်ခဲ့သလဲဆိုတာကိုThe Billionaire ကအကွက်ကျကျနဲ့ဖော်ပြပေးသွားမှာပါ။ဖြစ်ရပ်မှန်ကနေအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်စီးပွားရေးဆိုင်ရာဗဟုသုတတွေရသလိုစိတ်ဓာတ်ခွန်အားတစ်စုံတစ်ရာရစေမဲ့သုတရောရသပါပြည့်စုံစေမဲ့ဇာတ်ကားလေးတစ်ကားပါဘဲ
IMDB : 8.0
Genre : Drama
Run Time : 2h 11min
Size : 890MB /380 MB
Translated & Reviewed by Myu Hnin Sett
Encoded by Ar Ker Lin (14)