The Battleship Island (2017)
============================
2017 လောက်ကထွက်ရှိခဲ့တဲ့ The Battleship Island ဆိုတဲ့ ကိုရီးယားကားလေးကို မှတ်မိလိုက်ကြလား။ အဲ့ဒီအချိန်က ဒီဇာတ်ကားထဲက မင်းသား Song Joong Ki က သူနဲ့အတူတူ Dots လို့အများစုသိကြတဲ့ Descendants of the Sun ရဲ့ မင်းသမီးချော Song Hye Kyo နဲ့ ပူပူနွေးနွေးလက်ထပ်ပြီးကာစပေါ့။ အခုတော့လဲ အကြောင်းအမျိုးမျိုးကြောင့်နဲ့ ကွဲသွားပါပြီ။ ထားပါလေ ရုပ်ရှင်အကြောင်းလေးကိုသွားရအောင်။
ရုပ်ရှင်က ကြည့်လိုက်ရင်သိသွားမှာဆိုတော့ အများစုမသိတဲ့ မှတ်တမ်းမှတ်ရာလေးတွေကို အရင်ပြောပြမယ်။ ဒီကားက စစချင်းရုံတင်တဲ့ ညပွဲမှာပဲ ကြည့်ရှုသူ ၉၇၀၅၁၆ယောက်တောင် ရှိခဲ့ပြီး အရင်စံချိန်တင်ထားတဲ့ Train to Busan ကိုပါ ကျော်လွန်ပြီးတော့ ဝက်ဝက်ကွဲအောက်မြင်ခဲ့ပါတယ်။ 2017 July 26 ရက်နေ့မှာထွက်ခဲ့ပြီးတော့ ပထမဆုံးပိတ်ရက်(July 28 ကနေ 30) မှာ လက်မှတ်က 2.5 မီလီယံအထိရောင်းချခဲ့ရပါတယ်။ ပထမဆုံး ၅ ရက်မှာလည်း ၄ မီလီယံအထိကို ခုန်တက်သွားခဲ့ပါတယ်။ ဒီလောက်တောင် အောင်မြင်မှုရတယ်ဆိုတော့လဲ မကောင်းစရာကိုမရှိတာပါ။ တကယ်လဲကောင်းခဲ့ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကိုပြောရမယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကိုရီးယားအလုပ်သမား ၄၀၀ က ဂျပန်နိုင်ငံ Hashima ကျွန်းပေါ်က ကျောက်မီးသွေးတွင်းမှာအတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းကို ခံရပါတယ်။ ဒီချွေးတပ်စခန်းက အလုပ်သမား ၄၀၀ က တော်လှန်ရေးလုပ်ပြီးတော့ အသေခံတိုက်ပွဲဝင်ပြီးပြေးကြပါတယ်။
သူတို့ရဲ့တိုက်ပွဲမှာ ကျဆုံးမှုတွေရှိမလား အောင်မြင်မှာလားဆိုတာကတော့ ထွက်တာကြာနေပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက်တော့ ဇာတ်လမ်းတိုင်းကအသစ်ပဲဆိုတော့ စစ်ကားနဲ့ပတ်သက်တာတွေ သမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကိုကြိုက်တဲ့ ကိုကိုမမတွေ ခံစားပေးကြပါဦး။ ဒါနဲ့ ကြည့်ပြီးသားသူတွေကလဲ မင်းသားလေးချောလို့ကြည့်တယ်ပဲဖြစ်ဖြစ် ရုပ်ရှင်လေးသဘောကျလို့ပဲဖြစ်ဖြစ် စောင်ကိုက်ရမဲ့ကားမျိုးမဟုတ်ပေမဲ့လဲ အားပေးကြပါဦးလို့ပဲ တိုက်တွန်းပါရစေ။
Review by Aung Htoo Khaing
Translated by Phyoe Ei Zin Pez
Encoded by MgKyaw
Quality – Web-DL
Size – 2GB / 1GB / 460MB
IMDB – 7.1
Genres – Action, Drama, History
Run Time – 2 Hr 12 mins
GC drama Page – https://www.facebook.com/goldchannel123/
GC Movies Page – https://www.facebook.com/GC-Movies-107512007739781/
GC App Page – https://www.facebook.com/Gold-Channel-Entertainment-100228778467456 Download ရတာအဆင်မပြေလို့ Application သုံးချင်ရင် ဒီ Page messenger မှာ လာပြောပေးပါ ကျေးဇူးတင်ပါတယ်