
Tadap (2021)
အချစ်ဇာတ်လမ်းတွေကို မတူညီတဲ့ဇာတ်အိမ်ခိုင်ခိုင်မျိုး ကြည့်ချင်တယ်ဟုတ်။ ဒီလိုဆို ဘောလိဝုဒ်ရုပ်ရှင်တွေကို ဘယ်ချန်ထားလို့ရမလဲ။ အိန္ဒိယအချစ်ရုပ်ရှင်တစ်ကားကို GC ရဲ့ပရိတ်သတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။
ဒါမိုဒါဆိုတဲ့ နိုင်ငံရေးသမားနဲ့ ဒယ်ဒီဆိုတဲ့ လူ ဒီနှစ်ယောက်က စိတ်တူကိုယ်တူ သူငယ်ချင်းတွေပေါ့။ အချင်းချင်းကူညီကြရင်း ကျောထောက်နောက်ခံဖြစ်ပေးနေခဲ့ကြတာ အချိန်တွေလည်းကြာခဲ့ပေါ့။ ရွေးကောက်ပွဲကာလအပြီး အရှုံးကိုလက်မခံနိုင်တဲ့ အတိုက်အခံပါတီရဲ့ ကီရှာနာက သူတို့နှစ်ယောက်ကို သွေးခွဲပါတော့တယ်။
နှစ်တွေအကြာကြီး ခိုင်မာလာပေမယ့် ဘေးစကားနဲ့သွေးထိုး ရန်ဆွပေးတော့လည်း ဒီနှစ်ယောက် ကွဲကြရတော့တာပါပဲ။
” ငါ့ရဲ့ဂုဏ်သိက္ခာထက် ဘယ်အရာကမှ အရေးမကြီးဘူး၊ သူငယ်ချင်းရဲ့သားရော ငါ့သမီးရော ” ဒါမိုဒါ
လူကြီးတွေရဲ့ ဒေါသတွေ အာဃာတတွေကြားမှာ အမြဲစတေးခံရတာက လူငယ်တွေပါပဲ။ ဒါမိုဒါရဲ့ သမီး ရာမီဆာနဲ့ ဒယ်ဒီရဲ့မွေးစားသား အီရှာနာတို့ရဲ့ အချစ်က စတေးခံဖြစ်ခဲ့ရတာပေါ့။ ငယ်ငယ်ကတည်းက မိဘတွေဆီက စွန့်ပစ်ခံခဲ့ရတဲ့ အီရှာနာရဲ့ နှလုံးသားကို ရာမီဆာက နွေးထွေးစေခဲ့တာပါ။ ဒီလိုမျိုး အကောင်းမြင်တတ်ပြီး၊ လူတွေကို ကူညီပေးချင်တဲ့ ဟီးရိုးလိုအီရှာနာ။
ရာမီဆာကို ရင်ဘတ်ထဲက ဆွဲထုတ်ခံလိုက်ရပြီးနောက်တော့ လောကကြီးကိုအရွဲ့တိုက် အရာရာတိုင်းကို ဖျက်ဆီးဖို့ ပြင်းပြနေတဲ့ သွေးဆာနေတဲ့ မိစ္ဆာလို အီရှာနာ။
ဒီဇာတ်ကောင်နှစ်ခုကြားက အီရှာနာရဲ့ ဒဏ်ရာတွေ၊ အချစ်က လူတစ်ယောက်ကို ဘယ်လောက်ထိ ပြောင်းလဲပစ်နိုင်လဲ။ နှစ်တွေကြာခဲ့သည်ထိတောင် အဲဒီမိန်းမကို မမေ့ပစ်နိုင်တဲ့ ယော်ကျားတစ်ယောက်။ ဒီလို ဆွေးဆွေးမြေ့မြေ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ လက်မလွှတ်တမ်း ကြည့်ရှူခံစားလိုက်ပါနော်။
Translated & Review by HM
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 480 MB | |
Megaup HD 720p | Myanmar | 999 MB | |
Megaup FHD 1080p | Myanmar | 1.7 GB | |
Mega SD 480p | Myanmar | 480 MB | |
Mega HD 720p | Myanmar | 999 MB | |
Mega FHD 1080p | Myanmar | 1.7 GB | |
G Drive HD 720p | Myanmar | 480 MB | |
G Drive HD 720p | Myanmar | 999 MB | |
G Drive FHD 1080p | Myanmar | 1.7 GB |