ကဲ အခုတစ်ခါကတော့ ” Banlieusards ” (Street Flow) လို့အမည်ရတဲ့ ပြင်သစ် ဇာတ်ကားလေးပေါ့နော် ။
ဒီကားလေးကတော့ thriller လည်း မဟုတ်သလို drama လည်းမဟုတ်ရပါဘူး ။ ပြင်သစ်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ အာဖရိက
လူမည်းမိသားစုဘဝတစ်ခုကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ။ မိသားစုရဲ့ သားအကြီးဆုံးက တရားမဝင်ဆေးရောင်းပြီး ပိုက်ဆံရှာတယ် ။ သားအလတ်က
ပညာတတ်ရှေ့နေတစ်ယောက် ၊ ညီငယ်လေးကတော့ အစ်ကိုအကြီးဆုံးကို အားကျအတုယူနေတဲ့သူပေါ့ ။ အမေအိုကြီးကတော့ သားတွေကို သိပ်ချစ်ရှာပြီး
စားရေးသောက်ရေးအကုန်ဆောင်ရွက်ပေးနေတဲ့ ဘာသာရေးကိုင်းရှိုင်းသူတစ်ဦး ။
ဒါပေမယ့် သူ့သားအကြီးကိုသိပ်ချစ်ပေမယ့် ဒီလိုမကောင်းတဲ့နည်းလမ်း ဘုရာမကြိုက်တဲ့နည်းလမ်းနဲ့အသက်မွေးသူဖြစ်တာကြောင့် သူကစွန့်ပစ်ထားတယ်။
တစ်နေ့တော့ လူငယ်သဘာဝ အညှာလွယ်သူမို့ သူငယ်ချင်းနဲ့အတူ ညီငယ်လေးပိုက်ဆံခိုးခဲ့တယ် ။ သူတို့အတွက် မကြီးကျယ်ဘူးဆိုပေမယ့် ဒီကိစ္စဟာ ဘာတွေကို
ဂယက်ရိုက်လာစေနိုင်သလဲ ။ လူဖြူတွေနဲ့ လူမည်းကြားထဲက ယခုချိန်ထိတိုင် တန်းတူညီမျှမှု မရှိသေးတဲ့အခြေအနေတွေ လူမျိုးရေးခွဲခြားမှုတွေကို ဒီကားလေးက
မီးမောင်းထိုးပြထားတာပါပဲ ။ အမေအိုကြီးရဲ့ အသက်ဘေးမှ သီသီလေးလွတ်မြောက်လာမှုဟာ ဒီသားတွေအပေါ်မှာ ဘယ်လို နှလုံးသားစိတ်ဓာတ်တွေကို
ပေါက်ဖွားစေခဲ်သလဲဆိုတာတော့ ဒီကားလေးထဲမှာပဲ စီးမျောခံစားပေးကြပါဦး ။
Translated & Review by Nandar
Encoded by bg
Quality – Web-Rip
Size – 910MB / 290MB
IMDB – 6.3
Genres – Crime
Run Time – 1 Hr 36 mins