What's happening?

Video Sources 3658 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
SPL: Kill Zone

SPL: Kill Zone

Nov. 18, 2005Hong Kong93 Min.Not Rated
Your rating: 0
9 3 votes

Synopsis

Kill Zone (2005)

===========

အမေရိကန်မှာ “Kill Zone” နာမည်နဲ့ ထွက်ရှိခဲ့ပြီး “SPL: Sha Po Lang” လို့လည်း သိကြတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကြမ်းပါ။ နာမည်ကျော်ဟောင်ကောင်မင်းသားကြီး Donnie Yen ပါ၀င်သရုပ်‌ဆောင်ထားပြီး martial art နဲ့ အတိုက်အခိုက်အသတ်ပုတ်ဇာတ်၀င်ခန်းတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းဟာ ၁၉၉၇ ခုနှစ်မတိုင်ခင်ကာလကို အခြေတည်ထားတာပါ။ ရဲစုံထောက် Chan Kwok-chung ဟာ လျှို့ဝှက်ဒုစရိုက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Wong Po ကို ဖမ်းဆီးထောင်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Wong Po လုပ်ကြံဖန်တီးလိုက်တဲ့ ကားမတော်တဆမှုမှာ အမှုရဲ့တစ်ဦးတည်းသော မျက်မြင်သက်သေ သေဆုံးခဲ့ရသလို စုံထောက် Chan ကိုယ်တိုင်လည်း ‌ဦးခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။

သေသွားတဲ့ မျက်မြင်သက်သေရဲ့ ကျန်ရစ်သူသမီးငယ်ကို မွေးစားလိုက်တဲ့ Chan ဟာ ဦးခေါင်းဒဏ်ရာကုသစဉ်က သူ့မှာ ဦးနှောက်အကျိတ်ရောဂါရှိနေပြီး သက်တမ်းသိပ်ရှည်ရှည်မနေရတော့ဘူးဆိုတာ သိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူအနားမယူခင်စပ်ကြားမှာ Wong ကို မဖြစ်မနေလက်ရဖမ်းဆီးထောင်ချနိုင်ဖို့ ကြိုးပမ်းပါတော့တယ်။ ၃ နှစ်အကြာမှာတော့ Chan ရဲ့လက်ရှိရာထူးနေရာကို အစားထိုးပြီး Chan တို့အဖွဲ့ကို ဦးဆောင်မယ့် ရဲအရာရှိ Ma Kwun ပေါ်လာပါတယ်။ Wong ဟာလည်း ပိုမိုဆိုးရွားလာပြီး လျှို့ဝှက်ထောက်‌လှမ်းနေတဲ့ ရဲအရာရှိတစ်ဦး အသတ်ခံခဲ့ရပါတယ်။

အဲဒီလို အသက်န္တရာယ်‌များလှတဲ့ အခြေအနေအခက်အခဲတွေကြားမှာ Chan နဲ့ Ma တို့ ဘယ်လိုပူးပေါင်းတိုက်ခိုက်ကြမလဲ၊ Chan ရဲ့ရည်ရွယ်ချက်ရော အောင်မြင်ပါ့မလား၊ လူဆိုးခေါင်းဆောင် Wong Po တစ်ယောက် လွတ်သွားဦးမလား၊ ဘယ်သူတွေက ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာ အသည်း‌တအေးအေး ကြည့်ရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်အသတ်အပုတ်တွေနဲ့ ဒုစရိုက်-အက်ရှင်ဇာတ်လမ်းမျိုး ဖြစ်ပေမဲ့ ဒရမ်မာလည်း ခပ်ပါးပါးနှောထားတာမို့ တကယ် စိတ်၀င်တစားကြည့်ရမယ့် ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါတယ်နော်။

Review by Cherry Mon

App နဲ့ ကြည့်ချင်သူများအတွက် App Downlink

============================

For Android Phone

Mediafire > https://www.mediafire.com/…/73s14whp2…/gcmobile.apk/file

Mega > https://mega.nz/file/yDJi2L6I…

For Android Box & TV

Mediafire > https://www.mediafire.com/file/cq89lbk5l0fwdtn/gctv.apk/file

Mega > https://mega.nz/file/COBW0Z7Y…

===========================

SPL: Kill Zone
SPL: Kill Zone
SPL: Kill Zone
SPL: Kill Zone
SPL: Kill Zone
SPL: Kill Zone
Original title 殺破狼
IMDb Rating 7 12,006 votes
TMDb Rating 6.9 196 votes

Director

Wilson Yip
Director

Cast

Donnie Yen isInspector Ma Kwun
Inspector Ma Kwun
Sammo Hung isWong Po
Wong Po
Simon Yam isDetective Chan
Detective Chan
Liu Kai-Chi isLok Kwun Wah
Lok Kwun Wah
Austin Wai isCheung Chun Fei
Cheung Chun Fei
Timmy Hung isDrug Trafficker
Drug Trafficker
Liang Jing-Ke isWong Po's wife
Wong Po's wife
Kenji Tanigaki isWong Po's Bodyguard
Wong Po's Bodyguard

Similar titles

Akhirat: A Love Story
Kingdom: Ashin of the North
Top Gunner
Private Eye
Marrying the Mafia 4: Family Ordeal (2011) မြန်မာစာတမ်းထိုး
Spy Kids
Cats (2019)
Justice League vs. the Fatal Five (2019) မြန်မာစာတန်းထိုး
Backcountry (2014)
Marrowbone
I Still Believe (2020)
Ajagajantharam