
Spiderhead (2022)
Netflix ရဲ့ တကယ်မိုက်တဲ့ Sci-fi သည်းထိတ်ရင်ဖိုရုပ်ရှင်သစ်နဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကလည်း Thor မင်းသားလိုသိကြတဲ့ Chris Hemsworth ဆိုတော့ နှစ်ခါထပ်ညွှန်းစရာလိုမယ်မထင်ပါဘူး။
Spiderhead ဆိုတဲ့ အကျဉ်းထောင်သုတေသနစခန်းကြီးမှာ ထောင်သားတွေဟာ သူတိုရဲ့အပြစ်ဒဏ်ကိုလျှော့ချဖိုအတွက် လက်တွေ့စမ်းသပ်မှုတွေမှာ လုပ်အားပေးပါ၀င်ကြပါတယ်။ စိတ်ကိုပြောင်းလဲသွားစေတဲ့ဆေးဝါးတွေနဲ့ ထောင်သားတွေလက်တွေ့စမ်းသပ်တဲ့ ပရိုဂရမ်မျိုးပေါ့။ အဲဒီပရိုဂရမ်ကို ကြီးကြပ်သူကတော့
စတိဗ်အက်ပ်နက်စတီပါ။
အဲဒီလိုစမ်းသပ်တဲ့ဆေးတွေထဲမှာ အချစ်ဆေးဆိုတာလည်း ပါပါတယ်။ အစမ်းသပ်ခံအကျဉ်းထောင်သားတစ်ဦးဖြစ်တဲ့ ဂျက်ဖ်ကို လူအမျိုးမျိုးလဲပြီးစမ်းသပ်ခဲ့ပါတယ်။ တစ်နေ့တော့ ဂျက်ဖ်ဟာ သံယောဇဉ်ဖြစ်နေတဲ့ သူနဲ့ဘ၀တူအမျိုးသမီးလေးလစ်ဇီကို စောင့်ရှောက်ပေးရဖိုဖြစ်လာပြီး သူမကိုကယ်တင်ဖိုအတွက် အကျဉ်းထောင်ရဲ့လက်တွေ့စမ်းသပ်မှုတွေကို မလိမ့်တပတ်လုပ်ဖိုကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုစမ်းသပ်မှုတွေက်ု ရင်ဆိုင်ရမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုကြရမှာဖြစ်ပါတယ်။
Rating အနေနဲ့ IMDb 6.2/10 ဖြစ်ပြီး Rotten Tomatoes 54% ရရှိထားပါတယ်။ ကြည့်နေကျ Sci-fi Thriller တွေနဲ့မတူဘဲ ခပ်ဆန်းဆန်းနဲ့ ကြည့်ချင်စရာကောင်းတာမို ဇာတ်လမ်းလည်းကြည့်ရင်း အဆင်လေးတွေလည်းငမ်းရင်း အခုပဲကြည့်လိုက်ကြဖို ညွှန်းပေးလိုက်ပါတယ်။
Review by C’mon
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link >https://play.google.com/store/apps/details?id=com.mm.gcmovies