
Sing 2 (2022)
=========
“ကိုယ်ဖြစ်ချင်တဲ့အိမ်မက်ဖြစ်ဖို့ အခက်အခဲကတော့ရင်ဆိုင်ရမှာပဲတဲ့”
Animation ကားကောင်းလေးတွေနှစ်သက်တဲ့ GCပရိသတ်ကြီးတို့အတွက် သီချင်းကြိုက်သူတိုင်း Animationကြိုက်သူတိုင်းအကြိုက်တွေ့ခဲ့တဲ့ sing 2လေးပဲဖြစ်ပါတယ် အပိုင်းတိုင်းမူးမူးကြွကြွလေးနဲ့ ကိုယ်ဖြစ်ချင်တဲ့အိမ်မက်အကြောင်း moti ပေးတဲ့ကားကောင်းလေးပါ
ဇာတ်လမ်းလေးကတော့ sing 1မှာတုန်းက ပြဇာတ်ရုံကြီးပြန်ထောင်နိုင်ဖို့အဆိုတော်တွေစုခဲ့ပါတယ်
အခုမှာတော့ ပြဇာတ်ရုံပိုင်ရှင်မစ္စတာမွန်းက ရှိုးပွဲတစ်ပွဲလုပ်ပါတယ် ရှိုးပွဲလုပ်ရတဲ့ရည်ရွယ်ချက်က နိုင်ငံတကာဖျော်ဖြေပွဲကြီးမှာဖျော်ဖြေခွင့်ရအောင်လို့ပါ
ဒါပေမဲ့ ပွဲစစ်ဆေးသူက ထင်သလောက်မကောင်းဘူးပြောပြီး မရွေးခဲ့ပါဘူး
ဒီလိုနဲ့ မွန်းက အဆိုတော်တွေစုပြီး ရှိုးပွဲလုပ်ဖို့လူရွေးတဲ့ ရက်ဒ်ရှိုးမြို့ကိုသွားခဲ့ပါတယ် ရက်ဒ်ရှိုးမြို့ကိုရောက်တော့ သူတို့ရင်ဆိုင်ရမဲ့ အရာလေးတွေ မြူးမြူးကြွကြွသီချင်းလေးတွေကိုစီးမြောရင်း အိမ်မက်ကိုအကောင်အထည်ဖော်နိုင်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်
Translated by Mary Christ, Egg, Grace, Sora, Lucy & Phi
Reviewed by Sora