What's happening?

Shao Lin Xiang Mo (2020)

Shao Lin Xiang Mo (2020)

Your rating: 0
10 1 vote

Synopsis

Shao Lin Xiang Mo (2020)
=========================
တရုတ်ကား အသစ်​လေးတစ်ကားကို တင်ဆက်​ပေးပါရ​စေ။ ဇာတ်ကားနာမည်က​တော့ Shao Lin Xiang Mo တဲ့။ ဇာတ်ကားရဲ့ အ​သေးစိတ်ကိုရှာလို မ​တွေ့​တော့ Rating ဘာညာ​တော့ ​ရေးပြလို့ အဆင်​မ​ပြေ​တော့ပါ။ အဲ့လိုဆို​တော့ ဇာတ်လမ်း​လေးအ​ကြောင်း​ပြောပြမယ်။

​ရှောင်လင်ဘုန်းကြီး​လေး တစ်ပါးရှိတယ်။ သူ့ဆီမှာ ငယ်ငယ်ကတည်းက သူ့ကို ကြိတ်​ကြွေ​နေတဲ့ ​က​လေးမ​လေး​တစ်​ယောက်ရှိတယ်။ နာမည်က​တော့ ဆုဆုတဲ့။ ဆုဆု​လေးက ငယ်စဥ်ကတည်းက ​ရှောင်လင်ဘုန်းကြီး​​​​လေး ဟွိန့်ဟိုင်ကို အ​သေရရ အရှင်ရရပဲ။ ​အဲ့ဒီက​နေ ​အရွယ်​ရောက်လာတဲ့အထိ ဆုဆု​လေးက ​ဟွိန့်ဟိုင်ကိုဆို အရမ်းကြိုက်။ ဟွိန့်ဟိုင်က​တော့ ဘုန်းကြီးဖြစ်တဲ့အတွက် အဲ့လို​​တွေ လက်မခံဘူး​​ပေါ့။ အဲ့ဒီ​နောက်မှာ​တော့ တရုတ်ကားထုံးစံအတိုင်း မြတ်စွာဘုရားကို ဆန့်ကျင်တဲ့ မိစ္ဆာတစ်​ယောက်ရဲ့ ရန်​ကြောင့် ပြည်သူ​တွေ ​သေ​ကြေရပါ​တော့တယ်။ အဲ့ဒီ မိစ္ဆာကို​ နှိမ်နင်းဖို့တာဝန်က ဟွိန့်ဟိုင်ပုခုံး​ပေါ်ကို အလိုလိုကျလာတယ်ဆိုပါ​တော့။

ဒါက​တော့ ဗဟုသုတအ​နေနဲ့ပါ။ ကျွန်​တော်လဲ ဒီဇာတ်ကားကြည့်ဖြစ်မှ ရှာဖတ်ရင်းသိတာပါ။ ​အစက ဆုဆုကို​မြေမြိုမဲ့ ​ကောင်မ​လေးဆိုပြီး​တွေး​နေမိတာ။ ပြီးမှသိလိုက်ရတာက ​ရှောင်လင်ကိုယ်​တော်​တွေက လက်ထပ်လို့ရတယ်ဆိုတာပါပဲ။ ​ဘုရား​ကျောင်းမှာ​တော့ အဲ့လိုကိစ္စ​တွေကို တားမြစ်ထားတယ်ဆို​​ပေမဲ့ ဘုရား​ကျောင်းကို စွန့်ခွာလိုက်ရင်​တော့ ဘုန်းကြီးဆိုတဲ့ ဂုဏ်ပုဒ်ကမညှိုးနွမ်းသွားပဲနဲ့ လက်ထပ်လို့ရတယ်လို့ဆိုပါတယ်။ ဒါ​လေးက​တော့ ဆုဆုကို ​​ပြော​နေကြမှာစိုးလို့ ရှာဖတ်ပြီး​ရေး​ပေးထားတာပါ။ ဇာတ်​အိမ်က​တော့ အခိုင်ကြီးမဟုတ်​ပေမဲ့ တရုတ်ကားတို့ရဲ့ ထုံးစံအတိုင်း ဆုဆု​လေးကို ကြည့်ရတာ​နဲ့တင်တန်ပါတယ်။

Translated & Review by Aung Htoo Khaing
Encoded by MgKyaw
Quality – Web-DL
Size – 800MB / 300MB
Genres – Action

Director

Director

Cast

Similar titles

The Last Man
Battle for Pandora
Justice League vs. the Fatal Five (2019) မြန်မာစာတန်းထိုး
Soulcatcher
The Flash
Scarface
The Last Mercenary (2021)
Paws of Fury: The Legend of Hank
Spy Intervention
The Punisher
Max Cloud (2020)
HIT: The First Case