
Sentinelle (2021)
================
အခုတစ်ခါမှာတော့ Sentinelle ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ March လ 5 ရက်နေ့ 2021 မှထွက်ရှိထားတဲ့ဇာတ်ကားလေးပါ။ Running time ကတော့ ၁နာရီ ၂၀ မိနစ်ပါ။ တိုက်ရေးခိုက်ရေးဇာတ်ကားတွေနဲ့ အက်ရှင်ကားတွေကိုကြိုက်တဲ့သူအတွက်တော့ ဒီကားလေးက ကောင်းမယ်လို့အကြံပေးချင်ပါတယ်။
ဇာတ်ကားလေးကတော့ ကာလရာလို့ခေါ်တဲ့ကောင်မလေးက စစ်တပ်မှာတာ၀န်ထမ်းဆောင်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ စစ်တာ၀န်တွေကိုထမ်းဆောင်ပြီးတဲ့အချိန်မှာတော့သူက သူ့ရဲ့ဇာတိကိုပြန်လာနေကြပါ။ သူမကတော့သူ့ရဲ့ ညီမနဲ့ အမေဖြစ်သူနဲ့ပဲနေထိုင်ပါတယ်။ သူမကတော့ အနိုင်ကျင့်တာတွေနဲ့ တရားမမျှတတာတွေကိုမုန်းတီးတဲ့ အမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူမရဲ့ညီမလေးက သူမကို ကလပ်သွားဖို့အတွက် အတင်းခေါ်ပါတော့တယ်။ ကလပ်ရောက်သွားတဲ့အချိန်မှာတော့ သူမရဲ့ညီမဆိုသူက သူမကို အသိတွေနဲ့မိတ်ဆက်ပေးပါတယ်။ ဒီလိုနဲ့ပဲ ရုရှားကောင်လေးတစ်ယောက်ဖြစ်သူနဲ့ မိတ်ဆက်ပေးရင်းက ကာလရာ ရဲ့ညီမလေးက သူတို့နဲ့အတူလိုက်သွားမယ်ဆိုပြီး သွားလိုက်ပါတော့တယ်။
ဒါပေမယ့် နောက်နေ့မှာတော့ သူမရဲ့ဖုန်းကိုဆက်သွယ်မရတာနဲ့ ကာလရာလည်း စိတ်ပူနေချိန်မှာ ဆေးရုံကနေပြီးတော့ သူမကို အရေးပေါ်တင်လိုက်တယ်ဆိုပြီး သတင်းရောက်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေနဲ့တွေ့ဆုံပြီးတဲ့အချိန်မှာတော့ သူမရဲ့ညီမက ရိုက်နက်တာခံရပြီး မုဒိမ်းကျင့်ခံထားရတယ်ဆိုတာကို သိသွားတဲ့အချိန်မှာ အနိုင်ကျင့်ရိုက်နက်တာတွေကိုမုန်းတီးတဲ့ ကာလရာတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ဆက်ပြီးလုပ်ဆောင်မလဲ။ ဘယ်လိုတွေ ပြန်လည်တိုက်ခိုက်မလဲ ဆိုတာကိုတော့ စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။ စစ်သားတစ်ယောက်ဖြစ်နေတော့ အပြစ်အခတ်ဇာတ်၀င်ခန်းတွေပါ ပါ၀င်နေတဲ့အတွက် ကြိုက်မယ်လို့မျှော်လင့်ပါတယ်။
Translated and Review by KyawHtet WinThein
Encoded by Noah
Quality – Webrip
Size – 1GB / 410MB
IMDB – 4.7
Genres – Action, Drama, Thriller
Run Time – 1 Hr 20 mins