
Senapathi (2021)
=============
Gold Channelပရိသတ်ကြီးအတွက် Ratingကောင်းတွေရထားတဲ့အသစ်စက်စက်action, thrillerဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်၊
Senapathiဆိုတာက Commanderလို့အဓိပ္ပာယ်ရပါသတဲ့ ဒီကားရဲ့အစမှာဆိုရင်တော့ သူဌေးဖြစ်သူနဲ့ရဲဖြစ်သူရဲ့ပယောဂကြောင့် လူငယ်ထိန်းသိမ်းရေးစခန်းကိုအပို့ခံလိုက်ရတဲ့ မိဘမဲ့လူငယ်လေး”ကရစ်ရှ်နာ”နဲ့စပြီး မိတ်ဆက်ထားပါတယ်၊ဒီလောကကြီးမှာ လူကောင်းတွေလည်းရှိသလိုလူဆိုးတွေလည်းရှိပါတယ်၊ လူသတ်သမားဆိုတဲ့ခေါင်းစဉ်အောက်ကနေ လူငယ်ထိန်းသိမ်းရေးစခန်းကိုပို့ခံလိုက်ရပေမယ့် သူ့အတွက်အကူအညီပေးနိုင်မယ့်သူ,အဖေတစ်ယောက်လိုအားကိုးရတဲ့သူနဲ့တွေ့ဆုံခဲ့ရပါတော့တယ်၊အဲဒီသူရဲ့အကူအညီကြောင့်ပဲ ရဲကြောင့်နဲ့ဘ၀ပျက်ခဲ့ရတဲ့ကရစ်ရှ်နာတစ်ယောက်က သူ့လိုမတရားခံရမယ့်သူတွေကိုကာကွယ်ပေးဖို့ တားဆီးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရဲဖြစ်ဖို့အကြောင်းဖန်လာခဲ့တာပါ၊
တစ်နေ့မှာတော့ ကရစ်ရှ်နာတစ်ယောက် သူ့ရဲ့စစ်ဆင်ရေးကိုဆောင်ရွက်ရင်း သူ့ရဲ့သေနတ်ကို ပျောက်သွားခဲ့ပါတယ်၊ အမှန်တရားဘက်တော်သား ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ဆက်သရာရဲ့အကူအညီနဲ့သူ့ရဲ့သေနတ်ကိုရှာဖွေရင်း မထင်မှတ်ထားဘဲ သူတို့ရဲ့မြို့မှာ ရဲအရာရှိတွေကိုလာဘ်ထိုးပြီးမှောင်ခိုဈေးကွက်နဲ့လက်နက်တွေကို ဦးဆောင်ဖြန့်ချီနေတဲ့ဘာဘလူနဲ့ထိပ်တိုက်တွေ့ဆုံဖို့ဖြစ်လာတဲ့အခါမှာတော့ ..
ကရစ်နာရှ်တစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်အတိုင်း ပြည်သူအတွက်ရပ်တည်ပေးနိုင်မယ့်ရဲကောင်းတစ်ယောက်ဖြစ်လာမှာလား၊
သူတို့မြို့တွင်းမှာကြုံနေရတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့မကောင်းမှုတွေကိုရော ဖြေရှင်းနိုင်ပါ့မလားဆိုတာကို ခုပဲဒီကားလေးထဲမှာကြည့်ရှူခံစားပေးကြပါဦး။အိန္ဒိယရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း မီးမောင်းထိုးပြထားတဲ့ လူ့သဘာ၀၊လူ့သဘောမနောတွေကိုပါ တွေ့မြင်ရမှာမို့အချိန်ပေးကြည့်ရကျိုးနပ်စေမှာပါ။
Translated by Monn, Sunny, April, Sora & Grace
Reviewed by Monn
Options | Quality | Language | Size |
---|---|---|---|
Mega HD 720p | Myanmar | 1.2 GB | |
Yandex HD 720p | Myanmar | 1.2 GB | |
Yandex FHD 1080p | Myanmar | 2.5 GB | |
Mega FHD 1080p | Myanmar | 2.5 GB | |
G Drive HD 720p | Myanmar | 1.2 GB | |
Yandex SD 480p | Myanmar | 500 MB | |
G Drive SD 480p | Myanmar | 500 MB | |
G Drive FHD 1080p | Myanmar | 2.5 GB |
something is wrong in your wbs please check again
AdBlocked in the Links appeared, Please check again this.