
See How They Run (2022)
ဒီတစ်ခေါက်မှာ GC Verse တို့အတွက် မကြာသေးခင်ကပဲ HBO Max မှာ ထွက်ရှိထားတဲ့ မှုခင်းစုံထောက်ရုပ်ရှင်ကားလေးကို တင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်မှာ “ကြွက်ထောင်ချောက်”ဆိုတဲ့ ပြဇာတ်က အရမ်းနာမည်ကြီးပြီး အကြိမ်၁၀၀အထိ ဖျော်ဖြေနိုင်ခဲ့တာကြောင့် လူစုံညီစွာနဲ့ ပါတီပွဲကြီးကျင်းပခဲ့ကြပါတယ်။ဒါပေမဲ့ ပါတီပွဲကျင်းပတဲ့ညမှာပဲ ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ခန့်အပ်ခံထားရတဲ့ အမေရိကန်ဒါရိုက်တာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ လူသတ်တရားခံကို စုံထောက်ကြီးစတော့ပဒ်နဲ့ ရဲမေစတော့ကာတို့က လိုက်လံစုံစမ်းရှာဖွေကြမှာပါ။မထင်မှတ်ထားစရာ ဇာတ်အလှည့်အပြောင်းတွေ၊ ရယ်မောရမဲ့ အလွဲအချော်တွေနဲ့အတူ ဇာတ်ကားအစအဆုံး စိတ်ဝင်တစား ကြည့်ရှုကြရမှာပါ..
Reviewed by AtoZ
Translated by AtoZ,Shin Thant Aung
Encoded by Hubin