What's happening?

Video Sources 3186 Views Report Error

  • Watch traileryoutube.com
Secret Headquarters

Secret Headquarters

When the secret is out, the adventure begins.Aug. 12, 2022USA89 Min.PG
Your rating: 0
9 1 vote

Synopsis

ဟယ်လို GCverse တို့ရေ ဒီတစ်ခါတော့ စူပါဟီးရိုးဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Secret headquarters ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ အာကာသယာဉ်ပျက်ကျမှုနဲ့ စတင်ထားပါတယ်။ အာကာသယာဉ်ပျက်ကျတဲ့နေရာနဲ့မလှမ်းမကမ်းမှာ အပန်းဖြေအခြေချခရီးထွက်လာတဲ့ မိသားစုတစ်စု။ ဒီမိသားစုထဲက အဖေဖြစ်သူ ဂျက်ခ်က အာကာသယာဉ်ပျက်ကျတဲ့နေရာကို ကူညီဖို့သွားတဲ့အချိန်မှာတော့ အမေရိကန်လေတပ်ကပ္ပတိန်တစ်ဦးဖြစ်တဲ့ အိုင်းရွန်းနဲ့တွေ့ပြီး အကြောင်းစုံကိုသိလိုက်ရပါတော့တယ်။ အိုင်းရွန်းက သူတို့ယာဉ်တစ်မျိုးနဲ့တိုက်ကျလာတာဖြစ်ကြောင်းပြောပြီး အမှုဖြစ်ရာနေရာကို ခေါ်သွားချိန်မှာတော့ Ord လို့ခေါ်တဲ့ စွမ်းအင်လုံးလေးက အရာရာကို စကန်ဖတ်ပြီး ဂျက်ခ်ကို စောင့်ရှောက်သူအဖြစ် ရွေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အချိန်မှာ ဂျက်ခ်တို့ဇနီးမောင်နှံက ကွာရှင်းထားပြီး ချာလီလို့ခေါ်တဲ့ သားလေးက အဖေနဲ့ ဝေးကွာနေပါတယ်။ တွေ့ရမယ့်ရက်တွေဆို ဂျက်ခ်က အလုပ်ကိစ္စပေါ်လာလို့ အစီအစဉ်ကိုဖျက်ရာကနေ ချာလီ့အမြင်မှာ ဂျက်ခ်အတွက် အလုပ်ကိစ္စက သူ့လောက်အရေးမပါဘူးလို့ မြင်နေပါတော့တယ်။ တစ်ရက်မှာတော့ ဂျက်ခ်နဲ့ ချာလီတို့ အတူရှိနေရာကနေ ဂျက်ခ်အလုပ်ကိစ္စပေါ်လာပြီး ချာလီ့ကိုလာကြိုဖို့ သူ့အမေကို ဖုန်းဆက်ပါတော့တယ်။ ဒါကို ချာလီကလည်း အခွင့်အကောင်းယူပြီး အမေဖြစ်သူဆီဖုန်းမဆက်ဘဲ သူငယ်ချင်း ဘာဂါဆီဖုန်းဆက်ပြီး အဖေ့ကိုလိမ်ပါတော့တယ်၊ ဒီလိုနဲ့ ဘာဂါတို့ ချာလီ့ဆီရောက်လာတဲ့အချိန်မှာ ချာလီက မာယာ့ကိုတောင်းပန်ရင်း ဘောလုံးကိုထိမိရာက လျှို့ဝှက်တံခါးကြီး ပွင့်သွားပါတော့တယ်။

ဒီလျှို့ဝှက်တံခါးရဲ့ နောက်မှာ ဘာတွေရှိမလဲ၊ ဂျက်ခ်ရဲ့အလုပ်ကကော ဘာဖြစ်မလဲ၊ Ordဆိုတဲ့ စွမ်းအင်လုံးကိုရယူဖို့ လူဆိုးတွေက ဘယ်လိုကြိုးစားမလဲ၊ ဂျက်ခ်တို့သားအဖကြားဆက်ဆံရေးကကော ပြန်အဆင်ပြေပါ့မလားဆိုတာကိုတော့ IMDd Rating 4.8 ရရှိထားတဲ့
Secret headquarters လို့ခေါ်တဲ့ကားလေးမှာ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။

Reviewed by Rini

Translated by GC Team

Encoded by Lwin Naung

Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Secret Headquarters
Original title Secret Headquarters
IMDb Rating 7.9 45 votes
TMDb Rating 7.033 15 votes

Similar titles

I Am Mother 2019 ( ???????????????? )
Weathering with You (2019)
Abigail
The Young Chief Winnetou
Spider-Man: Far from Home (2019)
Tae Guk Gi: The Brotherhood of War
In the Shadow of the Moon (2019)
Pontypool (2008)
James vs. His Future Self (2019)
Starship Troopers
The Great Mouse Detective
Hunt for the Wilderpeople (2016)

Leave a comment

Name *
Add a display name
Email *
Your email address will not be published

88