
Sarkaru Vaari Paata (2022)
ဒီတစ်ခါမှာတော့ကုလားကားဆိုကြိုက်ကြတဲ့ GC ပရိတ်သတ်ကြီးအတွက် action drama ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းလေးကတော့ကိုယ်ပိုင်ငွေချေးလုပ်ငန်းတည်ထောင်ထားပြီးအတိုးပေးဖို့ရက်ကျော်တဲ့သူတွေကိုရောက်နေတဲ့နေရာထိအကြွေးသွားတောင်းပြီးသောင်းကျန်းတတ်တဲ့’’မဟိငွေချေးလုပ်ငန်း’’ ပိုင်ရှင်မဟေရှာ..နဲ့ လောင်းကစားလုပ်ရတာအရူးအမူးကြိုက်ပြီးလောင်းကစားအတွက်ယူထားတဲ့အကြွေးတွေကိုလောင်းကစားဝိုင်းကပဲပြန်ရှာဖို့ကြိုးစားနေပြီး အကြွေးဆပ်ဖို့ငွေမရတဲ့အပြင်ထပ်ပြီးပဲအရှုံးပေါ်နေတဲ့မင်းသမီးအဖြစ် ကာလဗာသီ.. ကာလဗာသီကမဟိငွေချေးလုပ်ငန်းကိုဘာကိုယ်ရေးအချက်အလက်မှမပါပဲမိန်းမတို့မာယာနဲ့မဟေရှာဆီကငွေတွေအများကြီးချေးဖို့ကြိုးစားပါတယ်.. မာယာကျော့ကွင်းကိုမလွန်ဆန်နိုင်တဲ့အပြင် မဟေရှာကလည်းအချစ်ရူးလေးရူးနေတာကြောင့် ကာလဗာသီဘာကိုယ်ရေးအချက်အလက်မှမပြနိုင်တာတောင် ငွေတွေချေးလိုက်ပါတော့တယ်.. နောက်ပိုင်းငွေပြန်ဆပ်ခါနီးမှကာလဗာသီကလောင်းကစားစွဲလန်းနေတဲ့သူဖြစ်ပြီးသူ့ကိုလိမ်လည်ပြီးငွေချေးတယ်ဆိုတာသိတဲ့အခါ.. ကာလဗာသီကလည်းအကြွေးမဆပ်နိုင်တာကြောင့်သူ့ရဲ့ဩဇာရှိတဲ့အဖေနဲ့မဟေရှာကိုခြိမ်းခြောက်ပါတယ်.. ဘာကိုမှမကြောက်တဲ့မဟေရှာကလည်းမင်းသမီးရဲ့အာဏာရှိလှပါတယ်ဆိုတဲ့အဖေဆီကြွေးတောင်းဖို့သွားတဲ့အခါ… ကာလဗာသီအဖေနဲ့မဟေရှာတို့ဘာတွေဆက်ဖြစ်ကြမလဲ?? နောက်ကွယ်မှာဘာအရှုပ်ထုပ်ကြီးရှိနေမလဲ.. မဟေရှာကရောသူ့အကြွေးတွေပြန်ရမှာလားဆိုတာကို ဟာသလေးရယ် drama လေးလည်းပါ action ဆန်ဆန်လေးနဲ့လုံးဝမပျင်းရပဲကြည့်ရှုခံစားရမှာပါ။
Reviewed By Sarah
translated by Sarah, May Mie Kyaw, Beep Beep & Hnin Su
Encoded By Cuka