
Run (2020)
================
ဒီတစ်ခေါက်မှာတော့ အခု 2020 အတွင်းမှာပဲ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားလေးမှာတော့ မင်းသမီးဖြစ်သူ ကလိုဝီဟာ ဖျားနာခြင်းတွေ မသန်စွမ်းမှုတွေနဲ့ကြီးပြင်းလာရတာကြောင့် အချိန်ပြည့် Wheelchair ထဲမှာပဲ
အချိန်ကုန်ရပြီး မရေမတွက်နိုင်တဲ့ ဆေးတွေကို သောက်ရပါတယ်။ ကံကောင်းတာက အမေဖြစ်သူဒိုင်ရန်းက အနားမှာအမြဲရှိနေပေးပြီး သောက်ဆေး၊ထိုးဆေးတွေအစ
အိမ်မှာစာသင်တာအဆုံး အကုန်လိုက်လုပ်ပေးပြီး တစ်ဦးနဲ့တစ်ဦးလည်း အရမ်းနီးစပ်ပါတယ်။ ဒါပေမယ့်တစ်ရက်မှာတော့ သူမအမေဆေးဆိုင်က ပြန်လာတဲ့အချိန်
သူ့အိတ်ထဲမှာ ထူးဆန်းတဲ့အရာတစ်ခု တွေ့လိုက်ရပါတယ်။ အဲ့ဒါကတော့ ကလိုဝီနာမည်နဲ့မဟုတ်ပဲ သူ့အမေနမည်နဲ့ ဆေးပုလင်းပါ။
သံသယစိတ်ဝင်လာပြီး တစ်ခြားဆေးပုလင်းတွေ လိုက်စစ်ကြည့်တော့လည်း သူမအမေနာမည်နဲ့ တွေ့ရပါတယ်။
ဒီဆေးတွေဟာ ဘာအတွက်လဲဆိုတာ လိုက်လံစုံစမ်းကြည့်တဲ့အခါ ကလိုဝီတစ်ယောက်သူမထင်သလို ဖျားနာနေတာ မဟုတ်ပဲ
သူမရဲ့ အစိုးရိမ်လွန် စိတ္တဇဖြစ်နေတဲ့ အမေတိုက်တဲ့ ဆေးတွေကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ ရှာဖွေသိရှိသွားတဲ့အခါ..
ကလိုဝီတစ်ယောက်လွတ်မြောက်ဖို့ကြိုးစားမလား
တစ်ကယ်ရော လွတ်မြောက်သွားမလား ဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်
Review by Lynn Kha
Translated by Zin Min Thu & Lynn Kha
Encoded by Noah
Quality – Webrip
Size – 900MB / 330MB
IMDB – 6.7
Genres – Horror, Mystery, Thriller
Run Time – 1 Hr 30 mins