
Rowdy Boys (2022)
“Rowdy Boys”လို အမည်ရတဲ့ ဒီကားလေးဟာ ပေါ့ပေါ့ပါးပါး ကြည့်လိုရမဲ့ လူငယ်ဆန်ဆန်အချစ်ဟာသကားလေးပဲ ဖြစ်ပါတယ်။Music,comedy အမျိုးအစား ကြိုက်တဲ့သူတွေအဖိုတော့ သီချင်းတွေအများကြီးကို ဇာတ်မြူးမြူးလေးနဲ့ ကြည့်နိုင်မဲ့ ကားကောင်းလေးတစ်ကောင်းပဲ ဖြစ်မှာပါ။ဒီကားလေးမှာတော့ ကျောင်းသားတွေ သဘာ၀အတိုင်း တစ်ကျောင်းနဲ့ တစ်ကျောင်း မတည့်ဘဲ အမြဲတမ်းပြိုင်ဆိုင်နေကြတဲ့ တက္ကသိုလ်နှစ်ခုကို အခြေတည်ပြီး အစပြုထားပါတယ်။ဆေးတက္ကသိုလ်နဲ့ နည်းပညာကောလိပ်တိုဟာ မတည့်ကျဘူးလို ရာဇ၀င်ရှိတဲ့အလျောက် လက်ရှိအခြေနေမှာလဲ တစ်စက်မှ မျက်နှာချင်းဆိုင်လိုမရတဲ့ အနေထားမှာရှိတဲ့ ကျောင်းနှစ်ကျောင်းပဲ ဖြစ်ပါတယ်။ကျောင်းသားတွေက သူတိုကျောင်းမှာတော့ သူတိုက ဇိုးတွေပါပဲ။ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေ၊ ဇိုးတွေအချင်းချင်း ရန်စောင်နေတဲ့အချိန်မှာ အင်ဂျင်နီယာကျောင်းသားလေး အက်ရှ်ရှေနဲ့ ဆေးကျောင်းသူလေး ကာဗီရာတိုရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပေါ်လာပါတော့တယ်။
အင်ဂျင်နီယာကျောင်းသားလေး အက်ရှ်ရှေဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲ ဆေးကျောင်းကစီနီယာအမကြီး ကာဗီရာကို ကြွေဆင်းသွားပါတော့တယ်။အက်ရှ်ရှေတယောက် ကာဗီရာရဲ့ အချစ်ကို ရအောင်ပိုးပန်းတဲ့ အခန်းတွေကိုဆို ဟာသဆန်ဆန် ကြည့်ရှူရမှာပါ။တဖက်မှာလဲ ကာဗီရာကို ဆေးကျောင်းရဲ့ ဇိုးကြီး ဗစ်ခရမ်က သဘောကျနေပါတော့တယ်။ကျောင်းနှစ်ကျောင်း မတည့်တဲ့အခြေနေမှာ အက်ရှ်ရှေတယောက် ဗစ်ခရမ်ကိုကျော်ပြီး ကာဗီရာလေးရဲ့ အချစ်ကို အရယူနိုင်ပါ့မလား၊သူတိုနှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဖြောင့်ဖြူးပါ့မလားဆိုတာကိုတော့ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။သီချင်းတွေနဲ့ တ၀ကြီးကြည့်ရှူရဦးမှာမို လက်လွတ်မခံဘဲ စောင့်ကြည့်ကြပါဦးနော်။
Translated & Review by Jerry
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 503 MB | |
Megaup SD 480p | Myanmar | 503 MB | |
Mega SD 480p | Myanmar | 503 MB | |
G Drive SD 480p | Myanmar | 503 MB | |
Megaup HD 720p | Myanmar | 1.2 GB | |
Mega HD 720p | Myanmar | 1.2 GB | |
G Drive HD 720p | Myanmar | 1.2 GB | |
Megaup FHD 1080p | Myanmar | 1.9 GB | |
Mega FHD 1080p | Myanmar | 1.9 GB | |
G Drive FHD 1080p | Myanmar | 1.9 GB |