Rocketman (2019)
Rock Star Elton John ရဲ့ biography ကိုပြန်ရိုက်ထားတဲ့ကားပါ (Sir Elton John ကတော့ ခုထိသက်ရှိထင်ရှားရှိနေပါသေးတယ်) ငယ်ငယ်ကတည်းက ဂီတနဲ့ပတ်သက်ရင် မွေးရာပါပါရမီရှိတယ် စန္ဒယားကို မွေးရာပါတော်တယ် သူချလိုက်တဲ့လက်ကွက်တိုင်းက သံစဉ်ဖြစ်နေလောက်အောင် ပါရမီရှိတယ် instrument တွေ lyrics တွေမလိုဘဲတောင် သူ့ခေါင်းထဲမှာက music တွေအစီအရီရှိနေတတ်တယ်ဆိုပဲ သီချင်းအတူတူလုပ်တဲ့ သူငယ်ချင်း Bernie Taupin နဲ့ သီချင်းပေါင်းများစွာရေးတယ် စစချင်း club တွေမှာဆိုတယ် backup player အနေနဲ့ဝင်ငွေရဖို့ အလုပ်လျှောက်ရင်း music producer တစ်ယောက်က သူ့ရဲ့ talent တွေကိုမြင်ပြီး album ထုတ်ဖို့ စာချုပ်ချုပ်ခဲ့တယ် မိသားစုက broken family အမေကလည်း အိမ်ထောင်မှုစိတ်မဝင်စားသလို အဖေကလည်း မိသားစုကို ဂရုမစိုက်ဘူး သူကိုယ်တိုင်က အရမ်းကိုအချစ်ငတ်တဲ့သူတစ်ယောက်ပါ ဒါပေမယ့် ဂီတဘက်မှာလည်း US-UK best selling artist, Billboard artist တစ်ယောက်ပါ အရမ်းအောင်မြင်လာတဲ့အခါ အောင်မြင်မှုဒဏ်ကိုမခံနိုင်တော့တာ စိတ်ကျရောဂါလိုဖြစ်လာတာ ချစ်တဲ့သူတွေက သစ္စာဖောက်တာတွေအပြင် အောင်မြင်မှုနောက်ကွယ်က အနုပညာရှင်တွေခံစားရတဲ့ စိတ်အခြေအနေတွေကို ပြောပြထားတဲ့ကားပါ IMDb 7.5 ရထားတယ် ပြောရမယ်ဆို ဇာတ်ကားကတော့ သီချင်းတွေနဲ့တင်ကို အတော်ကြည့်ရကျိုးနပ်တယ် musical တွေက တကယ့်အနှစ်တွေချည်းမို့ 60/70s music taste ကို သဘောကျတဲ့သူအတွက်လည်း ဇာတ်လမ်းရော Sir Elton John သီချင်းတွေကိုရော ညွှန်းချင်ပါတယ်
Translated by Noe Wai
Encoded by Kyla
imdb – 7.5
genre – Biography, Drama, Music
run time – 2h1min