ဒီကားလေးမှာတော့ မိဘမေတ္တာကို ထင်ထင်ရှားရှား တွေ့ရမှာပါ။
အာဒီဟာလို့ခေါ်တဲ့ ကလေးမလေးရဲ့ ဖခင်ဟာ မှုခင်းသတင်းထောက် တစ်ဦးပါ။
မှုခင်းသတင်းထောက် ဖြစ်တဲ့အလျောက် မသမာမှုများကို သတင်းလိုက် ဖော်ထုတ်ရတာကြောင့်
မုန်းတီးသူများကလည်း အလွန်များပြားပါတယ်။
တစ်နေ့မှာတော့ ဖခင်ဖြစ်သူနဲ့ သမီးလေးဟာ ကစားကွင်းကို သွားလည်ကြပါတယ်။
ဖြစ်ချင်တော့ အဲဒီကစားကွင်းမှာပဲ သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။
ဒီလိုနဲ့ပဲ သမီးလေး ပြန်ပေးဆွဲခံရတာ ၃ လကြာတဲ့အထိ ဘာသဲလွန်စမှ ရှာမရခဲ့ပါဘူး။
နောက်တော့ သမီးလေးကို ရှာနိုင်ဖို့အတွက် lucid dream ဆိုတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
Lucid dream ဆိုတာက အသက်အန္တရာယ်အထိပါ ခြိမ်းခြောက်နိုင်တဲ့နည်းလမ်းပါ။
ပြောရရင်တော့ ဦးနှောက်လှိုင်းတွေကို ဖတ်ပြီး အတိတ်ကို ပြန်မြင်ရအောင်လုပ်တဲ့ နည်းလမ်းပေါ့။
ဒီတော့ အဲဒီနည်းလမ်းကို သုံးပြီး သမီးလေးကို ပြန်ရှာတွေ့နိုင်ပါ့မလား မိသားစုတွေ ပြန်ဆုံစည်းနိုင်ပါ့မလား။
သမီးလေးကို ပြန်ပေးဆွဲသွားတာက ဘယ်သူလဲ ဘာကြောင့် ပြန်ပေးဆွဲသွားတာလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework
=======================