
================================
ဒီတစ်ခေါက်တော့ အသစ်ထွက်ရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ပွတ်ရှ်ပါဟာ ဆင်းရဲတဲ့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ကြုံရာကျပန်း လုပ်ကိုင်သူပါ။လူကသာ မွဲတေနေပေမယ့် စိတ်ကြီးပြီး ရည်မှန်းချက် ကြီးတဲ့လူပေါ့။တစ်နေ့ ကြုံရာကျပန်း အလုပ်ရှာရင်း အနီရောင်စန္ဒကူးပင်တွေကို တရားမဝင် ခုတ်လှဲပြီး မှောင်ခိုတင်ပို့တဲ့ အဖွဲ့နဲ့ သွားချိတ်မိပါတော့တယ်။ပွတ်ရှ်ပါရဲ့ ဇာတ်လမ်းက အဲ့ဒီကစတာပေါ့။ဒီဇာတ်ကားလေးမှာတော့ ပွတ်ရှ်ပါတစ်ယောက် သာမန်ကူလီသမားဘဝကနေ မှောင်ခိုလုပ်ငန်းနဲ့ ဘယ်လိုတွေတိုးတက်ကြီးပွားလာအောင် ဆောင်ရွက်မလဲ။ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ ဆက်လက်ရှုစားရမှာပါ။
Box office မှာလည်း ဝင်ငွေအများကြီးရထားပြီး Rating လည်း တော်တော်ကောင်းတာမို့ ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခုဇာတ်ကားကတော့ part 1 ဖြစ်ပြီး part 2 လည်း ထပ်မံထွက်ရှိသွားမှာပါ။
Translated by LynnKha, Thae, Sora & MayMi Kyaw
Reviewed by LynnKha
Cm ကလို 21+ လေး တွေမတင်ချင်ဘူးလား admin
အရမ်းနောက်ကြတရ် ဗျာ gc ကနေကြည့်ဖို့စောင့်နေတာ