Project Power (2020)
=========================
Netflix ကနေ ဒီနေ့ပဲထွက်လာတဲ့ Project Power ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ Project Power ကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက တွေးထားသလိုမျိုး ဘာဆေးသောက်ရင် ဘာဖြစ်မယ်ဆိုတာမျိုး ဘာအရောင်လေးသောက်ရင် ဘာဖြစ်မယ်ဆိုတာတွေ မှတ်မိကြလား။ ဒီကားကလဲ ဒီသဘောပါပဲ Power ဆိုတဲ့ ဆေးလုံးပေါ့။ ဒီဆေးလုံးကတော့ အရောင်တွေ ဘာညာမရှိဘူး တစ်မျိုးထဲပဲ။ ဘာအစွမ်းရမယ်ဆိုတာလဲ မသိဘူး။ အခန့်မသင့်ရင် သေပါသေနိုင်ပါတယ်။
ဇာတ်လမ်းရဲ့ အစမှာတော့ ဒီ Power ဆိုတဲ့ ဆေးကိုရောင်းတာနဲ့ အစပြုထားပါတယ်။ Power ကိုရောင်းပြီးတော့ ငွေရှာကြတယ်ပေါ့ဗျာ။ သိတဲ့အတိုင်းပဲ ဒီလိုဆေးမျိုးဆိုတာ လူတိုင်းသောက်ချင်ကြတယ်လေ။ အထူးသဖြင့်တော့ လူငယ်တွေ လမ်းပေါ်ကလူတွေအတွက်တော့ အကြိုက်ပေါ့ လုပ်ချင်တာလုပ်လို့ရသွားနိုင်တယ်လေ။ ဆိုးတာကတော့ စျေးများတာပါပဲ။ စျေးများတယ်ဆိုတာကလဲ အကြောင်းရှိပါတယ်။ ဂိုဏ်းအဖွဲ့တွေကို ဦးတည်ဖို့ပါ။ အဲ့ဒီကနေမှ အစိုးရကို ဖြုတ်ချမယ်ပေါ့ဗျာ။
Power ကိုရောင်းတဲ့ Robin ဆိုတဲ့ ကလေးမတစ်ယောက်ရှိတယ်။ သူ့ရဲ့ ဘော်ဒါကတော့ Frank လို့ခေါ်တဲ့ရဲဝန်ထမ်းတစ်ယောက်ပါ။ ရဲဝန်ထမ်းနဲ့ ဒီလိုဆေးရောင်းတဲ့ကောင်မလေးနဲ့က ဘယ်လိုဘော်ဒါဖြစ်လဲပေါ့။ တကယ်တော့ Frank က ဆေးသုံးတဲ့ လူဆိုးတွေကို ပြန်ချဖို့အတွက် Robin ဆီကနေ ဆေးတွေဝယ်တဲ့ရဲပါ။ ဆေးသုံးပေမဲ့လဲ ကောင်းတဲ့ရဲပေါ့။ နောက်တစ်ယောက်ကတော့ Art ပါ။ သူကတော့ ဘယ်သူဘယ်ဝါမှန်း မသိရသေးပဲ ဒီဆေးတွေဘယ်ကနေထွက်လဲဆိုတာကိုတစ်ကိုယ်တော်ရှာနေတဲ့ လူတစ်ယောက်ပါ။
Art နေရာမှာ သရုပ်ဆောင်တာကတော့ 2004 ခုနှစ်မှာ အမေရိကန်လူမဲအဆိုတော် Ray Charles ရဲ့ Biography ရုပ်ရှင် Ray ဇာတ်ကားနဲ့ Oscar ရထားတဲ့ Jamie Foxx ပါ။ Django Unchained Just Mercy နဲ့ Baby Driver တို့အပါအဝင် The Amazing Spider-Man 2 မှာလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။
နောက်တစ်ယောက်ကတော့ Frank ပါ။ သူကတော့ 500 Days of Summer လို့ပြောလိုက်တာနဲ့ တန်းသိကြလောက်တဲ့ Joseph Gordon-Levitt ပါ။ အခုကတော့ Summer ကိုကြိုက်တာတွေ မကြိုက်တာတွေတော့ မပြောတော့ပါဘူး။ Fixies Bike စီးတဲ့သူတွေဆိုရင်တော့ Premium Rush ဆိုတဲ့ ကားလေးကို သွားကြည့်ဖို့ညွှန်းချင်ပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့ Robin အဖြစ် သရုပ်ဆောင်တဲ့ Dominique Fishback ပါ။ Dominique ကတော့ The Deuce Series နဲ့ Night Comes On The Hate U Give တို့မှာလဲ သရုပ်ဆောင်ထားပါသေးတယ်။
မနေ့မှ Concert for Aliens music video ထွက်ထားတဲ့ အဆိုတော် MGK လဲ Newt ဆိုတဲ့ဇာတ်ကောင်နေရာမှာပါဝင်ထားပါတယ်။
ဇာတ်ကားကောင်းတွေကို အမြဲတမ်းအကောင်းဆုံးတင်ဆက်ပေးနေတဲ့ ကျွန်တော်တို့ချန်နယ်ကလဲ ပရိသတ်တွေဦးဦးဖျားဖျားကြည့်ရအောင် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။
Review by Aung Htoo Khaing
Translated Aung Htoo Khaing, Saw Lay, Thu Nay Nay
Encoded by MgKyaw
Quality – Web-DL
Size – 1GB / 460MB
IMDB – 6.3
Genres – Action, Crime, Sci-Fi
Run Time – 1 Hr 51 mins
***Gold Channel – GC*** Page အသစ်ဖွင့်ထားပါတယ်။ Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel – GC Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်