
Possessor (2020)
===============
ယခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Possessor ဆိုတဲ့ကားဖြစ်ပါတယ်။ IMDB 6.5 အထိရရှိထားပြီး 2020 ခုနှစ်ကထွက်ရှိထားတာပါ။
ဇာတ်လမ်းလေးကတော့ ဦးနှောက်ထဲကို စက်ကိရိယာတစ်ခုထိုးထည့်ပြီး တစ်ခြားသူတွေရဲ့ ခန္ဓာကိုယ်ကို အသုံးချကာ လူသတ်ဖို့အတွက်လုပ်ဆောင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သွေးထွက်သံယိုတွေကတော့ ကြောက်စရာကောင်းတယ်ဆိုပေမယ့် သိပ်တော့လည်းမပါပါဘူး။ ၁၈ ယောက်အထက်တွေလည်းနည်းနည်းတော့ပါတော့ တစ်ယောက်တည်းကြည့်ရင်တော့သင့်တော်မယ်ထင်ပါတယ်။ ကဲ ဇာတ်လမ်းလေးကတော့ girder ဆိုတဲ့အမျိုးသမီးတစ်ယောက်က Vos ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဆေးစစ်မေးမြန်းတာတွေလုပ်နေခဲ့ပါတယ်။ ပြီးတော့ အားလုံးအဆင်ပြေပြီဆိုတာနဲ့ သူက ပြစ်မှတ်ကိုတိုက်ခိုက်ဖို့ Vos ကို ထိန်းချုပ်ကိရိယာအဖြစ်သုံးတာပါ။ Vos မှာက ကလေးတစ်ယောက်နဲ့မိသားစုရှိပါတယ်။ ဒါပေမယ့် Vos က ဒီလိုတွေလုပ်နေတယ်ဆိုတာကို သူ့မိသားစုကမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ ပြစ်မှတ်တစ်ခုကိုရထားတဲ့အတွက်ကြောင့် ထုံးစံအတိုင်း vos ကို girder ကခေါ်လိုက်ပါတယ်။
သူတို့ရဲ့ပြစ်မှတ်ကတော့ michel ဆိုတဲ့ကောင်လေးပါ။ အဖေက ရောဂါရနေပြီး အမေက ပြစ်ပယ်ထား မျိူးရိုးမရှိတဲ့သူတစ်ယောက်။ နောက်ပြီး ကုမဏ္ဍီသူဌေး john parse သမီးဖြစ်သူနဲ့လည်းလက်တွဲနေသူတစ်ယောက်ပါ။ သူတို့တွေရဲ့ပြစ်မှတ်က Michel ဆိုပေမယ့် သတ်ဖြတ်မယ့်သူကတော့ john parse ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် michel ကိုထိန်းချုပ်ဖို့အတွက် သု့ကိုဖမ်းပြီးတော့ဦးနှောက်ထဲကိုထိန်းချုပ်ကိရိယာထည့်လိုက်ပါတော့တယ်။ အပြန်အလှန်အနေနဲ့ ထိန်းချုပ်သူ Vos ဟာလည်း ကိရိယာထဲတစ်ခုထဲမှာ၀င်ရောက်ပြီးတော့ michel ကိုထိန်းချုပ်ပါတော့တယ်။ Vos ကိုကြိုးကိုင်နေသူကတော့ girder ပါ။ ဒါပေမယ့် ထိန်းချုပ်တဲ့အချိန်က သုံးရက်ပဲရပါတယ်။ သုံးရက်လွန်တဲ့အချိန်မှာထိန်းချုပ်သူကပြန်မထွက်နိုင်ရင် ထိန်းချုပ်သူကို လက်ခံသူက ပြန်လည်တွန်းလှန်နိုင်သွားပါတယ်။ ဒါကြောင့် Vos က သုံးရက်အတွင်းသူ့ကိုကောင်းစွာထိန်းချုပ်နိုင်မလား… Michel ကရော ဘယ်လိုတွေတွန်းလှန်မလဲ.. Girder ကရော vos ကိုဘယ်လိုထိန်းချုပ်ထားသလဲဆိုတာ.. ဇာတ်လမ်းလေးကိုအဆုံးထိကြည့်ရှုရင်း အားပေးလိုက်ပါဦး။
Translated and Review by KyawHtet WinThein
Encoded by Noah
Quality – Bluray
Size – 1GB / 400MB
IMDB – 6.5
Genres – Horror, Sci-fi, Thriller
Run Time – 1 Hr 43 mins