ဒီတစ်ခေါက် ကားဟောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ
မင်းသားကြီး Keanu Reeves ပါဝင်ထားတဲ့ Point Break ဆိုတဲ့ကားလေးကို ပရိသတ်တို့ တောင်းဆိုနေလို့
တင်ဆက်ပေးလိုက်ပါတယ်နော်. ဒီကားထဲမှာတော့ ဘီးကျဲကြီး Keanu Reeves အစား . ငယ်ရွယ်နုပျိုဆဲ Keanu Reeves ကို
တွေ့မြင်ရမှာပါ ။
ဇာတ်လမ်းလေးကတော့ ၃ နှစ်အတွင်းမှာ ဘဏ် ၃၀ လောက်ဖောက်ခဲ့တဲ့ အဖွဲ့ကို ဖမ်းတဲ့ကားလေးပါ။
ဘယ်လိုမှ အစရှာမရခဲ့ပေမဲ့ FBI ရဲ လက်သစ်လေး ယူတက် ကတော့ သူတို့တွေက လှိုင်းစီးတဲ့သူတွေဖြစ်ကြောင်း
ခန့်မှန်းမိပြီး အသွင်ယူခဲ့ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ လူငယ်သဘာဝ စွန့်စားချင်စိတ်တွေ မိုက်ရူးရဲဆန်တဲ့စိတ်ဓါတ်တွေကို အသားပေးရိုက်ကူးထားတာပါ။
တန်ဆေးလွန်ဘေးပေါ့ ။ အရမ်း အရမ်းကို စွန့်စားချင်တဲ့ စိတ်တွေကြောင့် နောက်ဆုံး ဘယ်လိုတွေ ဖြစ်ကုန်လဲဆိုတာတော့
ကြည့်ကြည့်လိုက်တော့နော် ။ ။
Translated & Review by JoJoVa
Encoded by mk
Quality – Bluray
Size – 960MB / 370MB
IMDB – 7.2
Genres – Action, Crime, Thriller
Run Time – 2hr 2mins