
Play Dead (2022)
ပြဿနာတွေတက်ပြီး အိမ်ကိုပါဆုံးရှုံးလုဆဲဆဲဖြစ်နေတဲ့ ဆေးကျောင်းသူလေးတစ်ယောက်ဟာ မောင်တစ်ယောက်နဲ့အတူ ဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရပါတယ်။ အရမ်းခက်ခဲလွန်းနေတဲ့ သူ့အမဘ၀ကိုမြင်တွေ့နေရတဲ့ မောင်လေးကလည်း ပိုက်ဆံအဆင်ပြေအောင်ဆိုပြီး ဓားပြတိုက်ဖို့ ကြံစည်ခဲ့ပါတော့တယ်။ မအောင်မြင်တဲ့အပြင် သူ့ရဲ့အဖော်ကပါ သေဆုံးသွားချိန်မှာတော့ တိုင်အကြီးကြီးပတ်ပါတော့တယ်။
မောင် ထောင်ကျမှာကိုမကြည့်ရက်တဲ့ အစ်မဖြစ်သူက တစ်ခုတည်းသောသက်သေပစ္စည်းဖြစ်တဲ့ ဖုန်းကိုယူရန် လူသေရုံထဲကိုသေချင်ယောင်ဆောင်ပြီး သွားသောအခါ… သေပြီဆိုတဲ့အဖော်ကောင်လေးက မသေသေးပဲ အရှင်လတ်လတ်ကျောက်ကပ်ထုတ်ခံထားရသောအခါ .. သူကိုယ်တွင်းအင်္ဂါ ရောင်းစားသူလက်ထဲကနေ ဘယ်လိုဖြတ်ကျော်မလဲ ..
ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
Reviewed by MayLin
Translated by MayLin & Yoon
Encoded by Hubin