
Pinocchio (2019)
===============
လိမ်ပြောရင် နှာခေါင်းလေးရှည်ထွက်လာတတ်တဲ့ သစ်သားရုပ်လေးတစ်ရုပ်အကြောင်း။ လူမသိသူမသိ မြို့နယ်လေးတစ်ခုမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ဂျပက်တိုဆိုတဲ့ ပန်းပုဆရာကြီး။
မြို့ကိုရောက်လာတဲ့ ရုပ်သေးရုပ်ပြဇာတ်ဆီကနေ အကြံတစ်ခုရလို့ ကိုယ်ပိုင် သစ်သားရုပ်လေးထုလိုက်တဲ့အခါ စကားပြောတတ်တဲ့ အရုပ်လေးဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ။ ဒီလိုနဲ့ ပန်းပုဆရာကြီးတစ်ယောက် သားလေးတစ်ယောက်ရသလိုကို ပျော်ရွှင်ခဲ့ရပြီး “ပီနိုခီယို” ဆိုတဲ့ ဒီသားလေးအတွက် အစစအရာရာပေးဆပ်နေချိန်မှာမှ အရုပ်လေးက ပျောက်သွားတဲ့အခါ ဒီအရုပ်လေးဘယ်ရောက်သွားလဲ။ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုလူတွေနဲ့ ကြုံရမလဲ။
အစရှိတဲ့ စွန့်စားခန်းပေါင်းများစွာကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ ဒီကားလေးမှာတော့ ပန်းပုဆရာကြီးနဲ့ အရုပ်လေးနဲ့ကြားက သားအဖသံယောဇဉ်အပြင် လေ့လာမှတ်သားဖွယ် သင်ခန်းစာတွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။
Translated and Review by Khin Chan Myae Nyein
Encoded by Noah
Quality – Bluray
Size – 1GB / 480MB
IMDB – 6.2
Genres – Drama, Fantasy
Run Time – 2 Hr 5 mins