What's happening?

Video Sources 5001 Views Report Error

  • Watch traileryoutube.com
Paydirt

Paydirt

Bury the past and find the cashAug. 07, 2020USAPG
Your rating: 0
8 1 vote

Synopsis

Paydirt (2020)

လှည့်ကွက်တွေပြည့်နေတဲ့မှုခင်းဇာတ်ကားမျိုးတွေကိုမှကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ အတွက် ဒီလထဲမှ အသစ်စက်စက်ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီမှုခင်းဇာတ်ကားလေးကတော့ မူးယစ်မှောင်ခိုသမားတွေနဲ့ ရဲတွေအကြား တစ်ပတ်ရိုက်မှုလှည့်ကွက်လေးတွေနဲ့ အခြေခံထားတဲ့ဇာတ်ကားလေးပါ၊ ဇာတ်ကားအစမှာကတည်းက မူးယစ်ရာဇာကြီးအယ်လ်ဂေါ်ဒိုတစ်ယောက် မြှုပ်ထားတဲ့သူ့ရဲ့ငွေအိတ်တွေပျောက်ချင်းမလှပျောက်သွားပြီး တစ်ဖက်မှာလည်း ရဲအရာရှိတက်ခ်ခါနဲ့ သူ့လူတွေဟာ အယ်လ်ဂေါ်ဒိုရဲ့တပည့်ဖြစ်တဲ့ ဘရုစ်တို့မူးယစ်ဆေးမှောင်ခိုလုပ်တာကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်၊ ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာမှာ ရဲတွေသေဆုံးခဲ့မှုကြောင့် တက်ခ်ခါဟာလည်း ရာထူးကနေရပ်ဆိုင်းခံလိုက်ရပြီး ဘရုစ်တစ်ယောက်လည်း မှောင်ခိုကြောင့် 5နှစ်ကြာအောင်ထောင်နန်းစံခဲ့ရပါတော့တယ်၊

ဒီလိုနဲ့ ဘရုစ်တစ်ယောက် ထောင်ကထွက်လာတဲ့အချိန်မှာတော့ စောင့်ကြည့်ရေးအရာရှိ အလှပဂေးလေးလေလာရဲ့ စောင့်ကြည့်မှုအောက်မှာနေရင်းနဲ့ကို သူ့အဖွဲ့တွေနဲ့ ပြန်ဆက်သွယ်ပြီး သူ့ဆရာရဲ့ပျောက်သွားတဲ့ $33million ကိုရှာပုံတော်ဖွင့်ဖို့အစီအစဉ်တွေချပါတော့တယ်၊ ရဲမှူးဟောင်းတက်ခ်ခါဟာလည်း ဘရုစ်လွတ်လာတာနဲ့ မကျေပွဲနွှဲဖို့ ဘရုစ်နောက်ကို လိုက်ပါတော့တယ်၊

ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘရုစ်ကသူတစ်ပတ်ရိုက်ထားတဲ့ငွေအိတ်ကြီးကို ဘယ်လိုပုံစံနဲ့ပြန်ယူမှာလဲ? သူ့ကိုရော ဘယ်သူတွေကတစ်ပတ်ပြန်ရိုက်ဦးမှာလဲ? ရဲမှူးဟောင်း တက်ခ်ခါကရော ဒီကိစ္စတွေနဲ့လွတ်ကင်းမှုရှိပါ့မလား? ဘရုစ်တစ်ယောက် သူ့ဆရာမူးယစ်ရာဇာရဲ့လက်ထဲကိုပဲ ငွေတွေပြန်ပေးလိုက်ရမှာလား? သူတို့အဖွဲ့ပဲ millionaire တွေဖြစ်သွားကြမှာလား? ဒီလိုမျိုး ‘လား’ပေါင်းများစွာနဲ့ ရင်တစ်ထိတ်ထိတ်ဖြစ်ပြီး ဇာတ်လမ်းထဲမျောကြည့်ရမဲ့ ကားကောင်းလေးမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်

Translated and Review by Muffin
Encoded By A Nyo
Quality-Webdl
Genre-Crime, Thriller
Size-350/900 mb

GC Kdrama Page – https://www.facebook.com/goldchannel123/
GC Movies Page – https://www.facebook.com/GC-Movies-107512007739781/
GC App Page – https://www.facebook.com/Gold-Channel-Entertainment-100228778467456 Download ရတာအဆင်မပြေလို့ Application သုံးချင်ရင် ဒီ Page messenger မှာ လာပြောပေးပါ ကျေးဇူးတင်ပါတယ်

Paydirt
Paydirt
Original title Paydirt
IMDb Rating 4.2 160 votes
TMDb Rating 5.5 4 votes

Director

Cast

Similar titles

Dr. Cheon and the Lost Talisman
Bhamakalapam
Rigodon
Bloodline (2019)
Gold
Run Hide Fight (2020)
Madura Raja (2019)
Dual
Hot Fuzz 2007 (ျမန္မာစာတန္းထိုး)
The Women and the Murderer (2021)
The Boys
It’s a Wonderful Knife